USDP ကတင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်း
2019.09.05
ဒီတပတ် “ယနေ့ နိုင်ငံရေး” အစီအစဉ်မှာ... လွှတ်တော်ထဲမှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန် အငြင်းပွားခဲ့ကြတဲ့ ကြံံ့ခိုင်ရေးပါတီက ဒေါက်တာမောင်သင်း တင်သွင်းတဲ့ “၂ဝဝ၈-ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း” နဲ့ ပတ်သက်ပြီး မတူညီတဲ့ အမြင်သဘောထားတွေကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ်၊ အမှတ်(၆) မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျင့်ခန့်ပေါင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း တွံ့တေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင့် တို့နဲ့အတူ RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆွေးနွေးတင်ပြထားပါတယ်။