ရွေးကောက်ပွဲအတွက် တိုင်းရင်းသား ပါတီတွေ အဆင်သင့်ဖြစ်နေပြီလား
2020.10.22
RFA က အပတ်စဥ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေး အစီအစဥ်မှာ “ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီတွေ အဆင်သင့်ဖြစ်နေပြီလား” ဆိုတဲ့ခေါင်းစဥ်နဲ့ ဆွေးနွေး တင်ဆက်ထားပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဒွဲဘူ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသဲရယ်၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုး၊ မွန်ညီညွတ်ရေးပါတီ (MUP) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်လယိတမ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) က အထွေထွေအတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင် တို့နဲ့အတူ RFA ၀ိုင်းတော်သူ မအေးအေးမွန်က ဆွေးနွေးတင်ဆက်ထားပါတယ်။