၂၀၂၀ ရွေးကောက်ပွဲမှာ လူကိုကြည့်မလား၊ ပါတီကိုကြည့်မလား


2020.06.25

RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ “၂၀၂၀-ရွေးကောက်ပွဲမှာ လူကိုကြည့်မလား၊ ပါတီကိုကြည့်မလား” ဆိုတဲ့ ခေါင်းစဥ်နဲ့ အွန်လိုင်းကနေ ဆွေးနွေးသွားမှာပါ။

လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂိုလ် ဒေါက်တာနန္ဒာလှမြင့်၊ ပါတီသစ်တွေ ဖြစ်ကြတဲ့ ပြည်သူ့ပါတီက အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင် တို့နဲ့အတူ RFA ၀ိုင်းတော်သူ မအေးအေးမွန် က ဆွေးနွေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။