ဒုက္ခသည်စခန်းကနေ NGO တွေ အကျိုးအမြတ်ရနေတယ်လို့ ဦးဇော်ဌေးပြော
မြန်မာနိုင်ငံ သမ္မတရုံးက ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က နိုင်ငံတကာ အရပ်ဘက် NGO တွေဟာ ဒုက္ခသည်စခန်းတွေကနေ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ပြောဆိုခဲ့ကြောင်း Asia News သတင်းက ဖေါ်ပြပါတယ်။
-
2018-11-26 -

နိုင်ငံတကာ NGO တွေဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို တမင် ရည်ရွယ်ချက်ရှိရှိ တားဆီးခဲ့ကြတာဟာ၊ လုံခြုံရေး စိတ်မချရလို့ဆိုတာထက်၊ သူတို့ရဲ့ ရေရှည်အကျိုးစီးပွားထိခိုက်သွားမှာကြောင့်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဟာ နိုင်ငံတကာ NGO တွေအတွက် ကြီးမားလှတဲ့ ဈေးကွက်ကြီး ဖြစ်ကြောင်း ဦးဇော်ဌေး က ပြောဆိုခဲ့ကြောင်းလည်း ဖေါ်ပြပါတယ်။
ဦးဇော်ဌေး ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး World Vision အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်ရုံး ညွှန်ကြားရေးမှူး ချန်ဒန်ဂုံးစ် က ဘင်္ဂလားဒေ့ရှ်အစိုးရ နဲ့ အရပ်ဘက် NGO တွေဟာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်စေချင်ကြပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့လုံခြုံရေး၊ လူ့ဂုဏ်သိက္ခာနဲ့ အဆင်ပြေချောမွေ့တဲ့ အခြေအနေမျိုးရှိစေရမယ်လို့ မြန်မာ အစိုးရဘက်က အာမခံ ကတိပြုနိုင်တဲ့အခါ သူတို့ပြန်လာကြမှာပါလို့ တုံံ့ပြန်ပြောဆိုပါတယ်။
COAST အမည်ရှိ NGO အဖွဲ့ကလည်း ဒုက္ခသည်တွေ အိမ်ပြန်ရေးကို မတားဆီးကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေက စိတ်မချရသေးတဲ့အတွက် သူတို့ ပြန်လိုစိတ်မရှိသေးတဲ့အပေါ် အတင်းအဓမ္မ ပြန်ပို့လို့ မရကြောင်း၊ စည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်ကြောင်း ပြောဆိုပါတယ်။