ဇာဂနာ ထောင်ဝင်စာ လိုက်တွေ့မည်

အောက်တိုဘာ (၁၂) ရက် မနေ့က မြစ်ကြီးနား အကျဉ်းထောင်က ပြန်လွတ်မြောက်လာတဲ့ စွယ်စုံရ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာက အကျဉ်းထောင်တွင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် တထောင်ဝင် တထောင်ထွက် ထောင်ဝင်စာ လိုက်ပို့မယ့် အစီအစဉ်ကို မကြာခင်မှာ စတင်တော့မယ်လို့ RFA နဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆိုလိုက်ပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာ (၁၂) ရက်က မြစ်ကြီးနား အကျဉ်းထောင်က ပြန်လွတ်မြောက်လာသူ စွယ်စုံရ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကို ရန်ကုန်လေဆိပ်တွင် ကြိုဆိုအားပေးသူများနှင့် အတူ တွေ့ရစဉ်။ AFP

"ကျနော်တို့ဆီမှာ ၄၂ ထောင် ရှိပါတယ်။ အဲဒီ ၄၂ ထောင်မှာ ကျနော်တို့ သူငယ်ချင်းတွေ အားလုံးဟာ ထောင်အသီးသီးမှာ အခုထိ ကျခံနေရတုန်း ပါဘဲ။ ဒုက္ခ သုခရောက်ရတဲ့သူတွေ အများကြီးဘဲ။ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ နေခဲ့ရတဲ့ အတွက် ဒီစကားကို ကျနော် ပြောတာပါ။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်က ကျနော့်မျက်နာ ရင်းပြီးတော့ ကျနော်တို့ ရုပ်ရှင်နယ်၊ ဂီတနယ်၊ စာပေနယ်က ညီအကို မောင်နှမတွေဆီက အကူအညီ တောင်းမယ်။ အဲဒီလူတွေနဲ့ ကျနော် ကိုယ်တိုင်သွားပြီးတော့ ထောင်တွေမှာ ပါဆယ်တွေ ထောင်တိုင်ရာရောက် ပါဆယ်လိုက်ပို့မယ်။ လူကြုံနဲ့ ပေးရင် မရောက်လို့ပါ။"

၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းသင့် ပြည်သူတွေကို ကူညီ ကယ်ဆယ်ရေး လုပ်ရင်း အစိုးရကို ဝေဖန် ပြောဆိုခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် အတွက် ထောင်ဒဏ် (၅၉) နှစ် အချခံခဲ့ရသူ လူရွှင်တော် ကိုဇာဂနာဟာ စစ်အစိုးရ လက်ထက်မှာ ထောင်ဒဏ် (၄) ကြိမ်ကျခဲ့ပြီး လက်ရှိ အစိုးရကသာ ပြုပြင် ပြောင်းလဲရေးတွေကို လိုလားမယ် ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ လွတ်မြောက်လာတဲ့ နေ့မှာပဲ တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် မြစ်ကြီးနား ကနေ ရန်ကုန်ကို အပြန် လေယာဉ်စီးလာစဉ်မှာ လေယာဉ်တွင်း ရေယိုတဲ့ အတွေ့အကြုံကိုလည်း ဟာသလုပ် ပြောဆိုခဲ့ပါတယ်။

ကိုဇာဂနာနဲ့ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းချက် ပထမပိုင်းကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org