စည်ပင်ရွေးကောက်ပွဲ မဲရုံမှူးတစ်ဦး သေဆုံး

ရန်ကုန်မြို့မှာ စည်ပင်ရွေးကောက်ပွဲကျင်းပနေတဲ့ ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်က အ.မ.က (၁၃) မဲရုံမှာ မဲရုံမှူးတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ဆရာမတစ်ဦး ဒီနေ့မနက်က ရုတ်တရက်သေ ဆုံးသွားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ စည်ပင်ရွေးကောက်ပွဲကျင်းပနေတဲ့ စမ်းချောင်းမြို့နယ် လင်းလွန်းမြောက်ရပ်ကွက် မဲရုံကို ၂ဝ၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့က တွေ့ရစဉ် Photo: Zarni Htun/RFA

ရန်ကုန်မြို့မှာ စည်ပင်ရွေးကောက်ပွဲကျင်းပနေတဲ့ ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်က အ.မ.က (၁၃) မဲရုံမှာ မဲရုံမှူးတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ဆရာမတစ်ဦး ဒီနေ့မနက်က ရုတ်တရက်သေဆုံးသွားတယ်လို့ သိရပါတယ်။

မဲရုံမှူးတာဝန်ထမ်းဆောင်ရင်း မနက် ၆ နာရီခွဲလောက်မှာ ရုတ်တရက်လဲကျသွားခဲ့ပြီး နီးစပ်ရာဆေးခန်းကို ပို့ဆောင်ချိန်မှာ သေဆုံးသွားတာလို့ ရန်ကင်းမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာ က RFA ကို ပြောပါတယ်။

သေဆုံးသူမှာ လတ်တလော ဖြစ်ပွားနေတဲ့ ရောဂါမရှိဘူးလို့ ကျန်ရစ်တဲ့မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရကြောင်းလည်း ကိုယ်စားလှယ် ဒေါ်သီတာ က ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၅၉ နှစ်အရွယ်ရှိပြီး ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်၊ အမက (၁၃) ကျောင်းက ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org