ရန်ကုန်မြို့ ရေရှည် ဖွံ့ဖြိုးရေး ဆွေးနွေး

ရန်ကုန်မြို့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်ရေး" ခေါင်း စဉ်နဲ့ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT နဲ့ World Monuments Fund တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကမ်းနားလမ်းက Strand Hotel မှာ ဒီနေ့ စတင်ကျင်းပ ပါတယ်။

ရန်ကုန်မြို့ပုံ Photo: lighttalk.via-verlag.com

ရန်ကုန်မြို့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်း စဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT နဲ့ World Monuments Fund တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ကျောက် တံတားမြို့နယ် ကမ်းနားလမ်းက Strand Hotel မှာ ဒီနေ့ စတင် ကျင်းပပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲနဲ့အတူ ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်တွေ ရှိလာတော့မှာဖြစ် တာကြောင့် ရန်ကုန်မြို့ရဲ့ အမွေအနှစ်အဆောက်အုံတွေ မကွယ်ပျောက်သွားအောင် အဖြေရှာနိုင်ဖို့အတွက် အခုလို ဆွေးနွေး ပွဲကျင်းပတာဖြစ်တယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်မို့မို့လွင် က ပြောပါတယ်။

"ရန်ကုန်မြို့လယ်က မနှစ်က ၂ဝ၁၄ ရဲ့ World Monuments Fund စာရင်းထဲမှာ ဖော်ပြထားခြင်းခံရပါတယ်၊ မြန်မာနိုင်ငံမှာ ဒီနိုင်ငံရေး အပြောင်းအလဲတွေ နဲ့အတူတူ ဖွံ့ဖြိုးတိုးတက်မှုက ရောက်လာတော့မယ်ဆိုတော့ ဖွံ့ဖြိုးတိုးတက်လာလို့ရှိရင် တကယ်လို့ကိုယ့်မှာ ရှိတဲ့ဟာတွေ ပျက်စီးဆုံးရှုံးသွားနိုင်တယ်၊ ဒါကိုသတိထားနိုင်အောင်လို့ ထောက်ပြတဲ့အနေနဲ့ ရေရှည်သဖြင့် ဘယ်လိုစောင့်ရှောက်မလဲဆိုတဲ့ အဖြေကိုဝိုင်းဝန်းရှာကြတာ"

အဲ့ဒီဆွေးနွေးပွဲကို ဒီလ ၁၇ ရက်နေ့ထိ ၃ရက်ကြာကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲကရရှိလာတဲ့ အချက်အလက်တွေကို သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။ ၃ရက်ကြာဆွေးနွေးပွဲမှာ မြို့ပြဖွံ့ဖြိုး တိုးတက်ရေး အတွက် ရင်ဆိုင်နေရတဲ့ ဥပဒေရေးရာ၊ ငွေကြေးဆိုင်ရာနဲ့ တခြားအခက်အခဲတွေကို ဆွေးနွေးကြမှာဖြစ်ပြီး အဲ့ဒီကရရှိလာတဲ့အချက်အလက်တွေကို ပြည်ထောင်စုအစိုးရထံ ပေးအပ်သွားမယ်လို့ သိရပါတယ်။

World Monuments Watch အဖွဲ့က ၂၀၁၄ ခုနှစ်မှာထုတ်ပြန်တဲ့ အမွေအနှစ်ဒေသတွေ ပျက်စီးဖို့အတွက် ခြိမ်းခြောက်ခံနေရတဲ့စာရင်းမှာ ရန်ကုန်မြို့ပါဝင်ခဲ့ပြီးတဲ့နောက် World Mounments Fund အဖွဲ့နဲ့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ YHT က ဒေါက်တာသန့်မြင့်ဦး နဲ့ နိုင်ငံတကာက ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org