ရန်ကုန် ဘန်ကောက် လေကြောင်း ခရီးစဉ်တွေ ပုံမှန်ပျံသန်း

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ် သမား လူငယ်နှစ်ဦးကို မုဒိမ်းမှု၊ လူသတ်မှု စွဲချက်တွေနဲ့ သေဒဏ်ချမှတ်လိုက်လို့ မြန်မာနိုင်ငံတွင်းမှာ မကျေမနပ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပေမယ့် ၊ မြန်မာ့လေကြောင်းလိုင်း MAI ရဲ့ ရန်ကုန်နဲ့ ဘန်ကောက် ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေ ပုံမှန်အတိုင်း ပဲရှိနေမှာ ဖြစ်ကြောင်း MAI က ပြောပါတယ်။

မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI မှ လေယာဉ်တစ်စီး ရပ်နားနေပုံ ဖြစ်ပါသည်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်နှစ်ဦးကို မုဒိမ်းမှု၊ လူသတ်မှု စွဲချက်တွေနဲ့ သေဒဏ် ချမှတ်လိုက်လို့ မြန်မာနိုင်ငံတွင်းမှာ မကျေမနပ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပေမယ့် ၊ မြန်မာ့လေကြောင်းလိုင်း MAI ရဲ့ ရန်ကုန်နဲ့ ဘန်ကောက် ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေ ပုံမှန်အတိုင်းပဲရှိနေမှာ ဖြစ်ကြောင်း MAI က ပြောပါတယ်။

ခိုတောင်းကျွန်းအမှု စီရင်ချက်ကြောင့် ရန်ကုန် ဘန်ကောက် ခရီးစဉ်တွေကို လျှော့ချတာ၊ ဖျက်သိမ်းတာတွေ လုပ်မှာမဟုတ်ဘဲ၊ မူလအတိုင်း ပျံသန်းနေမှာဖြစ်ကြောင်း MAI ရဲ့ လက်ထောက် အထွေထွေမန်နေဂျာ က ပြောပါတယ်။

MAI ရဲ့ ရန်ကုန် ဘန်ကောက် ခရီးစဉ်ကို တစ်ရက် နှစ်ကြိမ် ပြေးဆွဲနေပါတယ်။

ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကတော့ ဆန္ဒပြပွဲတွေကြောင့် ဗီဇာ ဆိုင်ရာလုပ်ငန်းတွေကို ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ သုံးရက် ရပ်နားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org