ရမ်းဗြဲမြို့နယ် ၂၄ နာရီ မီးရရေး ဒေသခံများ ဆန္ဒပြ
ရခိုင်ကမ်းလွန်ဒေသမှာရှိတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းကနေ ရမ်းဗြဲမြို့နယ်ကို လည်း ၂၄ နာရီမပြတ် လျှပ်စစ်မီးပေးရေး အတွက် ရမ်းဗြဲမြို့နယ်ဒေသခံ တစ်ထောင်နီးပါးလောက် ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
-
2013-09-30 -
-
-
ရခိုင်ကမ်းလွန်ဒေသမှာရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ရမ်းဗြဲမြို့နယ်ကိုလည်း ၂၄ နာရီမပြတ် လျှပ်စစ်မီးပေးရေးအတွက် ရမ်းဗြဲမြို့နယ်ဒေသခံ တစ်ထောင်နီးပါးလောက် ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ကျောက်ဖြူမြို့နယ်ကို မီးပေးနေပြီ ဖြစ်တာကြောင့် ရမ်းဗြဲမြို့နယ်မှာလည်း လျှပ်စစ်မီး ရရှိရေး တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ရမ်းဗြဲမြို့ခံ ဦးထွန်းကြည်က ပြောပါတယ်။
ရမ်းဗြဲမြို့အပါအဝင် မြို့နဲ့အနီးဝန်းကျင် ကျေးရွာ အတော်များများက ဒေသခံတွေပါပူးပေါင်းပြီး လျှပ်စစ်မီးရဖို့ တောင်းဆိုတာဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတွေကပြောပါတယ်။ ရမ်းဗြဲမြို့ လျှပ်စစ်မီးရရှိရေးအတွက် အစိုးရက ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးထားပြီး အိမ်ထောင်စုတစ်စုကို လျှပ်စစ်အား ၁၀ ယူနစ် သုံးစွဲခွင့်ပေးရာမှာ တစ်ယူနစ်ကို ၃၅ ကျပ်နှုန်း ပေးဆောင်ရပါတယ်။ ၁၀ ယူနစ်ထက်ပိုသုံးရင် ပိုတဲ့ယူနစ်အတွက် တစ်ယူနစ်ကို ကျပ် ၆၀၀ နှုန်းနဲ့ ပေးဆောင်နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။