ကမ္ဘာ့ဘဏ် အကူအညီ လက်ခံရမယ့် မြို့နယ်တွေ ရွေးချယ်
တနင်္သာရီတိုင်းဒေသကြီးမှာ ကမ္ဘာ့ဘဏ်ရဲ့ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့ အတွက် အကူအညီ လက်ခံရယူမယ့် မြို့နယ်ရွေးချယ်ပွဲ တစ်ခုကို ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ ထားဝယ်မြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
-
2013-02-27 -
-
-
တနင်္သာရီတိုင်းဒေသကြီးမှာ ကမ္ဘာ့ဘဏ်ရဲ့ လူထု အခြေပြု ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့အတွက် အကူအညီ လက်ခံရယူမယ့် မြို့နယ်ရွေးချယ်ပွဲတစ်ခုကို ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ ထားဝယ်မြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
တနင်္သာရီ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် တာဝန်ရှိသူတွေက အထက်ကနေ ရွေးချယ် ချမှတ်တာမျိုးမဟုတ်ပဲ အောက်ခြေမှာ အစိုးရအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေရှေ့မှာ အခုလိုမြို့နယ် ရွေးချယ်တာဟာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က RFA ကို ပြောပါတယ်။
ဒီကနေ့မြို့နယ်ရွေးချယ်ပွဲကို တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို၊ နယ်စပ်ရေးရာ ဝန်ကြီး ဦးဇော်လွင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဟာဘီ အပါအဝင် မြို့နယ် (၁၀) မြို့နယ်က လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်တာတွေ့ရပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ “လူထုအခြေပြုဖွံ့ဖြိုးတိုးတတ်ရေး စီမံကိန်း” ဆောင်ရွက်ဖို့အတွက် ပထမအဆင့်အနေနဲ့ မြို့နယ် ၃ခုကို အကြံပြုရွေးချယ်ပြီး ရွေးချယ်ခံရတဲ့ မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စုတွေမှာ တစ်အုပ်စုကို တစ်နှစ် အမေရိကန် ဒေါ်လာ (၂၇၀၀၀) ထောက်ပံ့သွားမှာဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ၃ နှစ် ဆက်တိုက်ထောက်ပံ့သွားမယ်လို့ သိရပါတယ်။