WFP ကပေးတဲ့ နောက်ဆုံးအကူအညီ ကယ်ဆယ်ရေးစခန်းတွေရရှိ

မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့လူတွေကို အကူအညီပေးနေတဲ့အဖွဲ့ဟာ အမေရိကန်ကရနေတဲ့ အကူအညီရပ်ဆိုင်းသွားတဲ့အတွက် ရန်ပုံငွေနည်းပါးသွားတယ်လို့ CNA သတင်းက ဖော်ပြပါတယ်။

ကယား (ကရင်နီ) ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်များအား ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။ Facebook/ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

မြန်မာနိုင်ငံက ကယ်ဆယ်ရေးစခန်းတွေဟာ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပေးတဲ့ နောက်ဆုံးအကူအညီကို မတ် ၁၉ ရက်က နောက်ဆုံးလက်ခံရရှိပါတယ်။

မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ လူတွေကို အကူအညီပေးနေတဲ့အဖွဲ့ဟာ အမေရိကန်ကရနေတဲ့ အကူအညီရပ်ဆိုင်းသွားတဲ့အတွက် ရန်ပုံငွေနည်းပါးသွားတယ်လို့ CNA သတင်းက ဖော်ပြပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပြင်က ဒုက္ခသည်စခန်းက မိသားစုဝင် ငါးယောက်အတွက် တစ်လ အကူအညီ ဒေါ်လာ ၅၀ ကို အင်္ဂါနေ့က ရရှိတယ်လို့ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

လူ ၁၅ သန်းကို အကူအညီပေးနေပေမဲ့ ရန်ပုံငွေပြတ်တောက်တဲ့အတွက် ဧပြီလမှာ လူ သုံးသောင်းခွဲလောက်အတွက်ပဲ ကူညီနိုင်မယ်လို့ WFP က ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org