ကျူးကျော်တဲတွေကို ကုမ္ပဏီက ဖျက်ဆီး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ်၊ အနော်ရထာစက်မှုဇုန်ထဲ က မြစိမ်းရောင်အိမ်ယာစီမံကိန်းမြေမှာ ဝင်ရောက်နေထိုင်နေကြတဲ့ ကျူးကျော်တဲ ၈ဝဝ လောက်ကို အိမ်ယာဆောက်လုပ်နေတဲ့ ဝါဝါ၀င်းကုမ္ပဏီက စက်ယန္တ ရားတွေနဲ့ ဒီနေ့ ဝင်ရောက်ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။

လှိုင်ယာမြို့နယ်က ဖျက်ဆီးခံရတဲ့ တဲအပျက်နားမှာ ထိုင်နေသူတစ်ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ထဲက မြစိမ်းရောင်အိမ်ယာ စီမံကိန်းမြေမှာ ဝင်ရောက်နေထိုင်နေကြတဲ့ ကျူးကျော်တဲ ၈ဝဝ လောက်ကို အိမ်ယာဆောက်လုပ်နေတဲ့ ဝါဝါ၀င်း ကုမ္ပဏီက စက်ယန္တရားတွေနဲ့ ဒီနေ့ ဝင်ရောက်ဖြိုဖျက်ခဲ့ တယ်လို့ သိရပါတယ်။

ဝါဝါ၀င်းကုမ္ပဏီဝန်ထမ်း ၃ဝဝ ကျော်လောက်က ဝင်ရောက်ဖျက်ဆီးတာဖြစ်တယ်လို့ တဲအဖျက်ခံ လိုက်ရတဲ့ ဦးခင်မောင်ညွန့်က ပြောပါတယ်။

"မနက် ၄ နာရီ ၂ဝ ကဖျက်တယ်၊ ၁ဝ နာရီကျော်ကျော်လောက် နားပြီးတော့ အခုညနေ ၂ ချက်တီးလောက်ကနေ ပြန်ဖျက်တာ အခုဘာမှကို မကျန်တော့ဘူး၊ အကုန်လုံးဆို ၈ဝဝ ကျော်လောက် ပါတာပေါ့၊ အခုလက်ရှိအနေအထားကတော့ ဝင်းထဲကလူတွေပါ အကုန်လုံးမောင်းထုတ်လို့ ထွက်ပြေးနေရပြီ၊ တလောတုန်းက ၅ဝဝ လောက်ပဲ ဖျက်ပစ်တာ၊ ကျန်တဲ့အိမ်တွေရှိသေးတယ်"

မြစိမ်းရောင်အိမ်ယာစီမံကိန်းမြေထဲက ကျူးကျော်တဲ ၂၀၀၀ ကျော်ကို ဒီလ ၁၅ ရက်နေ့ကလည်း ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အမည်မသိလူတစ်စုက ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ့လို ဝင်ရောက်ဖျက်ဆီးသူတွေနဲ့ အဖျက်ခံရသူတွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ဝါဝါ၀င်းကုမ္ပဏီက မြစိမ်းရောင်အိမ်ယာစီမံကိန်းမြေပေါ် မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ် တွေကို ဒီလ ၂၇ ရက်နေ့က ကပ်ခဲ့တယ်လို့ သိရပါတယ်။

အဖျက်ခံရတဲ့ နေရာမှာ တဲတွေ ပြန်လည်ဆောက်လုပ်နေထိုင်သူတွေကို ဒီနေ့ ထပ်မံဖယ်ရှားတာဖြစ်ပါ တယ်။

အဲ့ဒီမြေနေရာဟာ အိုးအိမ်ဦးစီးဌာနက သိမ်းဆည်းထားတဲ့မြေနေရာတွေဖြစ်ပြီး ဝါဝါဝင်းကုမ္ပဏီ ကို လွှဲပြောင်းပေးထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org