နစ်နာသူများ အမှုမဖွင့်လို့ အရေးယူစရာ အစီအစဉ်မရှိ

ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ ဖေါ်ထုတ် အရေးယူဖို့ အစီအစဉ် မရှိဘူးလို့ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက် က ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း ဝေါမြို့နယ်ထဲက သူရဲသမိန်ကျေးရွာကို ဇွန်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က လိုက်လံစစ်ဆေးနေစဉ် Photo: Myo Zaw Ko/ RFA

ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ကျူးလွန်သူ တွေကို ဥပဒေကြောင်းအရ ဖေါ်ထုတ် အရေးယူဖို့ အစီအစဉ် မရှိဘူးလို့ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက် က ပြောပါတယ်။

နစ်နာခဲ့တဲ့ အစ္စလာမ်မိသားစုက အမှုမဖွင့်ခဲ့တဲ့အတွက် အရေးမယူတာဖြစ်တယ်လို့ ရဲမှူးကြီး မျိုးမင်းထိုက် က ပြောပါတယ်။

"ကျနော်တို့ နစ်နာတဲ့သူပေါ်မူတည်ပါတယ်၊ နစ်နာတဲ့သူကတော့ အခုလတ်တလောမှာတော့ သူတို့ကအမှုဖွင့်ဆောင်ရွက်ခြင်းမရှိပါဘူး၊ ဘာလို့လည်းဆိုတော့ ဒီရွာမှာနေ၊ ဒီရွာမှာကြီး၊ ဒီရွာမှာမွေးပြီးတော့မှ ဒီရွာမှာပဲ စီးပွားရေးအဆက်ဆက်လုပ်လာလို့ပါ"

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့က သူရဲသမိန်ကျေးရွာကို ဒီနေ့ လာရောက်လေ့လာခဲ့ပြီး တည်ငြိမ်ရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ သီးခြားစီတံခါး ပိတ်ဆွေးနွေးခဲ့ပါတယ်။ အခုအချိန်မှာ အခြေအနေ တည်ငြိမ်နေပြီဖြစ်သလို အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင် ငါးဦးစီပါဝင်တဲ့ တည်ငြိမ်ရေး ကော်မတီကိုဖွဲ့စည်း ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က အစ္စလာမ်ဘာသာဝင်တစ်ဦး အော်ဟစ်ဆဲဆိုရာကနေ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာဝင်တစ်ဦးရဲ့ ဈေးဆိုင်နဲ့ နေအိမ် တစ်လုံး၊ ဆောက်လက်စ အဆောက် အအုံတစ်လုံးနဲ့ ဗလီတစ်လုံး ဖြိုဖျက်ခံခဲ့ရပါတယ်။

အိမ်ခြေပေါင်း ၁၆၀၀ ကျော်ရှိတဲ့ သူရဲသမိန်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၄၄ စုရှိပြီး ကျန်တဲ့ အိမ်ထောင်စုတွေက ဗုဒ္ဓဘာသာကိုးကွယ် သူတွေ ဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က သူရဲသမိန်ကျေးရွာမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org