မဲဆန္ဒရှင်စာရင်း တိတိကျကျ ထုတ်ပြန်နိုင်ဖို့ အရပ်ဘက် အဖွဲ့တွေနဲ့ ကော်မရှင်တွေ့

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မဲပေးနိုင်သူစာရင်း တိတိကျကျ ကောက် ယူနိုင်ဖို့နဲ့ ရွေးကောက်ပွဲအပြီးမှာလည်း မဲပေးသူအရေ အတွက် တိတိကျကျစာရင်းထုတ်ပြန်နိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ အရပ် ဘက်အဖဲ့ွအစည်းတချို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဗဟိုအဆင့်ဆွေးနွးပွဲကို ရန်ကုန်မြို့ MiCasa ဟိုတယ်မှာ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်စဉ် Photo:Kyaw Lwin Oo, Sann Maw Aung / RFA

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မဲပေးနိုင်သူ စာရင်း တိတိကျကျ ကောက်ယူနိုင်ဖို့နဲ့ ရွေးကောက်ပွဲ အပြီးမှာလည်း မဲပေးသူအရေအတွက် တိတိကျကျ စာရင်းထုတ်ပြန်နိုင်ဖို့ အတွက် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်နဲ့ အရပ်ဘက်အဖဲ့ွအစည်း တချို့ ဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာကျင်းပတဲ့ ဆွေးနွေးပွဲ မှာ  အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေး ရတဲ့ ရည်ရွယ်ချက်ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က အခုလို ပြော ပါတယ်။

"မဲဆန္ဒရှင်တွေ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေ မသိကြတာလဲဆိုတာ ပိုပြီးတော့သိလာရပါတယ်၊ ဒီမှာတွေ့ရတဲ့အားနည်းချက်တွေ အမှားတွေ ကိုပြင်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲကျလို့ ရှိရင် ပြည့်စုံမှန်ကန်တဲ့မဲစာရင်း တစ်နိုင်ငံလုံးနဲ့ရဖို့အတွက်ကို ဆက်ပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်၊ မဲဆန္ဒရှင်စာရင်းသွားပြီးတော့ ကောက်တဲ့အခါမှာ ဒီမဲဆန္ဒရှင်တွေရဲ့ လွတ်လပ်ခွင့်တွေကို မထိပါးဖို့ပေါ့၊ ဒါလောက်ပဲရှိပါတယ် ကျန်တာတွေက ဘာမှမရှိပါဘူး၊ အားလုံးလွတ်လွတ်လပ်လပ် လုပ်လို့ရပါ တယ်၊ လောလောဆယ်မှာဆိုလည်း တီးတိန်နဲ့ မြစ်ကြီးနားမှာ လုပ်တဲ့ဟာတွေမှာ CSO တွေပါတယ်၊ သူတို့ကနေပြီးတော့ သူတို့တိုင်းရင်းသားအချင်းချင်း နားလည်အောင်ပြောတယ်၊ နောက်ကျလို့ရှိရင် ဒီပညာပေးစာစောင်တွေဘာတွေ အကုန်လုံးကို တိုင်းရင်းသားဘာသာတွေနဲ့ ပြန်မှာပါ၊ နောက်ရေဒီယိုက လွှင့်တဲ့အခါမှာ၊ TV ကလွှင့်တဲ့အခါမှာလည်း တိုင်းရင်းသားဘာသာတွေနဲ့ လွှင့်ဖို့အတွက်အစီအစဉ်တွေ အားလုံးရှိပါတယ်"

မဲပေးနိုင်မယ့်လူစာရင်းတွေကို ချင်းပြည်နယ် တီးတိန်၊ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၃မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်ကနေ သြဂုတ်လ ၅ရက်နေ့အထိ စမ်းသပ်ကောက်ခံခဲ့ပြီး အဲဒီလိုလုပ်ဆောင်မှုတွေမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ခဲ့ ကြတယ်လို့ သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် " ရွေးကောက်ပွဲစနစ်များဆိုင်ရာ ဖောင်ဒေးရှင်း IFES က တာဝန်ရှိသူတွေနဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်း ၂၅ဖွဲ့လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org