သတင်းသမား ကိုနေမျိုးလင်း ပြန်လွတ်မြောက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံနေရတဲ့ သတင်းသမား ကိုနေမျိုးလင်းဟာ ဧပြီလ ၉ ရက်ညပိုင်းမှာ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။ အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းမှုမရှိလို့ သူ့ကို ပြန်လွှတ်ပေးလိုက်တာလို့ ကိုနေမျိုးလင်းက RFA ကို ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ Voice of Myanmar သတင်းဌာနက ကိုနေမျိုးလင်း ကို ၂၀၂၀ ဧပြီ ၉ ရက်နေ့က ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ရုံးထုတ်စဉ် Photo: Khaymani Win/RFA

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံနေရတဲ့ သတင်းသမား ကိုနေမျိုးလင်းဟာ ဧပြီလ ၉ ရက်ညပိုင်းမှာ မန္တလေးတိုင်း အိုးဘို အကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။ အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းမှုမရှိလို့ သူ့ကို ပြန်လွှတ်ပေးလိုက်တာလို့ ကိုနေမျိုးလင်းက RFA ကို ပြောပါတယ်။

ဒါပေမဲ့ ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ရှိခဲ့ရင် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ် ဆိုတဲ့ ပုဒ်မ ၁၆၉ ခံဝန်ကတိကိုတော့ လက်မှတ်ထိုးခဲ့ရတယ်လို့ ဆိုပါတယ်။

Voice of Myanmar (VOM) သတင်းဌာန တည်ထောင်သူ အယ်ဒီတာ ကိုနေမျိုးလင်းဟာ အကြမ်းဖက်အဖွဲ့အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက မကြာခင်က သတ်မှတ်လိုက်တဲ့ ရခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ဆက်သွယ်မေးမြန်းပြီး သတင်းရေးသား ဖော်ပြခဲ့တဲ့အတွက် မတ်လ ၃ဝ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။

လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်အရ သတင်းရေးသားခဲ့တာ ဖြစ်ပြီး အပြစ်မရှိဘဲ အဖမ်းခံခဲ့ရတာလို့ ကိုနေမျိုးလင်းက ပြောပါတယ်။

ကိုနေမျိုးလင်းဟာ သေဒဏ်ချမှတ် ခံထားရသူတွေကိုထားတဲ့ တိုက်ခန်းကျဉ်းထဲမှာ ဆယ်ရက်လောက် တိုက်ပိတ်ခံခဲ့ရတာပါ။ ကိုနေမျိုးလင်းကို အခုလို ပြန်လွှတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ မန္တလေးတိုင်း မှုခင်းရဲတပ်ဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org