တာချီလိတ်မှာ စာရွက်စာတမ်း ဖြန့်ဝေတဲ့ အမေရိကန်အမျိုးသမီးကို ပြည်နှင်ဒဏ်ပေး

တာချီလိတ်ြမြို့မှာ ဒီမိုကရေစီရေး စာရွက်စာတမ်း ဖြန့်ချိခဲ့မှုနဲ့ အမေရိကန် အမျိုးသမီးတဦးကို မြန်မာအာဏာပိုင် တွေက ဖမ်းဆီးပြီး ထိုင်းနိုင်ငံဘက်ကို ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့တွင် ဒီမိုကရေစီရေး စာရွက်စာတမ်း ဖြန့်ဝေခဲ့သည့် အမေရိကန်နိုင်ငံသူ Joy Agner ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးပြီး ၂ဝ၁၁ ဇူလိုင်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်စဉ်။(www.thebestfriend.org) www.thebestfriend.org

Joy Agner ဆိုသူ အမေရိကန် အမျိုးသမီးက သူဟာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအပါအဝင် မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို တာချီလိတ်မြို့မှာ ဖြန့်ချိခဲ့တဲ့အတွက် အဖမ်းခံရတာလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေကို အငှား မော်တော်ဆိုင်ကယ်တွေမှာ ကပ်ခဲ့တာနဲ့ စားသောက်ဆိုင်တွေမှာ မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ မဂ္ဂဇင်းစာအုပ်တွေကို ချထားခဲ့တာတွေကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်ကြောင်း၊ ဘယ်သူ တဦးတယောက်ကိုမှ အန္တရာယ် မဖြစ်စေလိုတဲ့အတွက် လက်ထဲကို ဝေငှပေးတာမျိုး မလုပ်ခဲ့ကြောင်း၊ သူ့ကို တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့လ ၁၆ ရက်နေ့က ဖမ်းဆီးပြီး ၁၈ ရက်နေ့မှာ ထိုင်းနိုင်ငံဘက်ကို ပြန်လည် နှင်ထုတ်ခဲ့ကြောင်း ပြောပါတယ်။

Joy Agner ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ပရောက် မြန်မာရဟန်းတော်တချို့ ဖွင့်လှစ်ထားတဲ့ The Best Friend စာကြည့်တိုက်ကနေ မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ စာရွက်စာရွက်တမ်းတွေ ယူဆောင်သွားပြီး ဖြန့်ချီခဲ့တာလို့ ပြောပါတယ်။ သူဟာ ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဂွာတီမာလာ၊ ဂါနာနဲ့ လိုင်ဘေးရီးယား စတဲ့ နိုင်ငံတွေက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။

RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက Ms. Joy Agner ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org