မွန်ပြည်သစ် နဲ့ KNU နယ်မြေလုနေတဲ့ ဒေသမှာ ရွာသား မိုင်းထိ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးမှာ ဒီနေ့မနက်က ရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တဲ့ ရွာသားတစ်ဦးကို တွေ့ရစဉ် credit: စိုက်ထော

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးမှာ ဒီနေ့မနက်က ရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အလယ်စခန်းကျေးရွာက ရွာသားတစ်ဦးဟာ ကွမ်းသီးခြံကို ကွမ်းသီးခူးဖို့ သွားရာကနေ ကျေးရွာနဲ့ ၄ မိုင်အကွာမှာ မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံးမှာ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အဲဒီဒေသဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီနယ်စပ်အစမှာရှိပြီး  NCA လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ နယ်မြေအငြင်းပွားမှုနဲ့ မကြာခဏ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့နေရာ လည်းဖြစ်ပါတယ်။

အခုတစ်ကြိမ် မိုင်းနင်းမိတာဟာ ဒီနှစ်အတွင်းမှာ လေးကြိမ်မြောက်ရှိပြီဖြစ်ပြီး ဒီနှစ်ထဲမှာ ဒေသခံရွာသား ၃ ဦးနဲ့ မွန်ပြည်သစ်ပါတီက တပ်သားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အလယ်စခန်းကျေးရွာ ရွာသား တစ်ဦးဖြစ်တဲ့ စိုက်ထော က RFA ကို ပြောပါတယ်။

မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရွာသားကတော့ ရေဖြူမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org