ရွာများကို စည်းရိုးခတ်မယ်လို့ တရုတ် ကုမ္ပဏီပြော
စံပယ်တောင်-ကြေးစင်တောင်စီမံကိန်း ဝန်းကျင်က ရွာတွေမှာ စည်းရိုးခတ်မယ် လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မြန်မာ၊ ယန်စီကြေးနီကုမ္ပဏီက အကြောင်းကြားထားတယ် လို့ ဒေသခံတွေက ပြောပါတယ်။
-
2014-08-24 -
-
-
စံပယ်တောင်-ကြေးစင်တောင်စီမံကိန်းဝန်းကျင်က ရွာတွေမှာ စည်းရိုးခတ်မယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကို မြန်မာ၊ ယန်စီကြေးနီကုမ္ပဏီက အကြောင်းကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျော်ကြေးပေးဖို့တောင်းဆိုထားတဲ့မြေတွေမှာ စည်းရိုးခတ်မယ့်အကြောင်း ပြောတာဖြစ်တယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
"စံပယ်တောင်၊ ကြေးစင်တောင်ကလေ၊ ခြံစည်းရိုးခတ်မယ်ဆိုပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို ၂၈ ရက်နေ့မှာ သွပ်ဆူးကြိုးခတ်မယ်လို့ ကုမ္ပဏီကစာပို့တယ်လို့ သိရတယ်၊ ယန်စီကုမ္ပဏီကနေပို့တာ၊ သွပ်ဆူးကြိုးခတ်မယ်ဆိုတဲ့ ဧရိယာက တကယ်တော့ မြေလျော်ကြေးပေးထားတဲ့ နေရာတွေမဟုတ်ဘူး၊ အဲ့ဒီနေရာနဲ့ပတ်သက်လို့တော့ ကျနော်တို့ မြေလျော်ကြေးရဖို့အတွက် တောင်းဆိုထား တဲ့ နေရာတွေဖြစ်တယ်"
ဒီမြေတွေကို ကနေဒါနိုင်ငံအခြေစိုက် Ivanhoe ကုမ္ပဏီ လက်ထက်ကတည်းက လျော်ကြေးမပေးဘဲ သိမ်းယူထား တာဖြစ်ပြီး နစ်နာကြေးပေးဖို့ ရွာသားတွေက တောင်းခံထားတာလို့လည်း ပြောပါတယ်။
"စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ဒီဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဌ ဖြစ်တယ်လေ၊ သူကနေပြီးတော့ မြေယာလျော်ကြေးပေးမယ်လို့ ၂၀၁၃၊ ၁၂ လပိုင်း ၅ ရက်နေ့က ပြောခဲ့တယ်၊ ဦးပိုင်ကနေ ဒီကြေးနီစီမံကိန်းက သူတို့ကိုမြေလျော်ကြေး ပေးစရာမလိုပါဘူး၊ ယခင် Ivanhoe နဲ့ နိုင်ငံတော်နဲ့ လုပ်ထားတဲ့ကိစ္စ နိုင်ငံတော်မှာပဲ တာဝန်ရှိပါတယ် ဆိုပြီးတော့ ကျနော်တို့ဆီကိုစာပို့တာ၊ အခု အဲ့ဒီနေရာတွေကို သူတို့သွပ်ဆူးကြိုးခတ်မယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်ခံလို့မဖြစ်ဘူးဗျ၊ ကျနော်တို့မြေယာတွေဟာ အရင်နိုင်ငံတော်နဲ့ အဲ့လိုမျိုးလုပ်ခဲ့တဲ့ စီမံကိန်းလေ၊ အဲ့ဒီအတွက်ကို ကျနော်တို့က ဆုံးရှှုံးနစ်နာကြေးကို ကျနော်တို့က တောင်းဆိုနေတာလေ၊ ကြေးနီစီမံကိန်း မြေယာလျော်ကြေးပေးသလိုမျိုး ကျနော်တို့ကိုလည်းပေးဖို့ သိမ်းစဉ်ကာလတုန်းကလည်း မြေလျော်ကြေးဆိုတာကိုလည်း ပေးခဲ့တာမရှိဘူး၊ အရင်တုန်းက လယ်ယာမြေကို နိုင်ငံပိုင်ဆိုပြီးတော့သိမ်းတာလေ၊ ကော်မရှင်ဥက္ကဌတွေ၊ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ကလည်း ကြေးနီစီမံကိန်းမှန်ရင် မြေယာလျော်ကြေးပေးရမယ်လို့ ပြောတယ်"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူးကို မြေယာ နစ်နာကြေးကိစ္စဆောင်ရွက်ဖို့တာဝန်လွှဲအပ်ထားပေမဲ့ အခုချိန်ထိ တစုံတရာ ဆောင်ရွက်ပေးတာမရှိဘူးလို့လည်း ပြော ကြားပါတယ်။