ဘားမားကမ်ပိန်းအဖွဲ့ ရေးသား ချက် မြန်မာအစိုးရ ချေပ

မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK ရဲ့ ရေးသားချက်တွေဟာ နိုင်ငံတကာအသိမှတ်ပြုနေတဲ့ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက် ပျက်စီးစေဖို့သာဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူလူထုကို လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားနေစဉ် photo: Myanmar President Office Website

မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK ရဲ့ ရေးသားချက်တွေ ဟာ နိုင်ငံတကာအသိမှတ်ပြုနေတဲ့  သမ္မတ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက် ပျက်စီးစေဖို့သာဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

Burma Campaign UK အဖွဲ့ရဲ့ မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook လူမှုရေးစာမျက်နှာကနေ အခုလို တုန့်ပြန်လိုက်တာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ၁၉၈၈ (၈) လေးလုံး ဒီမိုကရေစီအရေးအခင်းကာလအတွင်း ရှမ်းပြည်တောင်ပိုင်း၊ ကလောအခြေစိုက် တပ်မ (၅၅) ခြေမြန်တပ်မရဲ့ တပ်ရင်းမှူးအဖြစ်နဲ့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ အရေးအခင်းကာလအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက်၊ ခြေလျင်တပ်ရင်း  (၈၉) မှာ တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသ တည်ငြိမ်ရေးကို ညင်ညင်သာသာ ကိုင်တွယ်ခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

အမေရိကန် သံတမန်လျှို့ဝှက် ကြေးနန်းစာတွေကို ဖွင့်ချနေတဲ့ Wikileaks အင်တာနက်စာမျက်နှာမှာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်စွဲနဲ့ ကြေးနန်းကို ဖော်ပြထားပြီး ဒီကြေးနန်းစာမှာ ၁၉၈၈ ခုနှစ် အရေးအခင်းကို တပ်မ ၅၅ ခြေမြန်တပ်မရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က နှိမ်နင်းခဲ့တယ် လို့ ရေးသားဖော်ပြထားပါတယ်။ ဒီဖော်ပြချက်ကို ကိုးကားပြီး ၁၉၈၈ ခုနှစ် အရေးအခင်း နှစ်ပတ်လည်အချိန်ကာလ မှာ ၈၈ အရေးအခင်းအပါအဝင်  ဦးသိန်းစိန်ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့မှု မှတ်တမ်းအပြည့်အစုံကို ထုတ်ပြန်ပေးဖို့၊ Burma Campaign UK က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၈၈ အရေးအခင်းကာလမှာ ကလေးမြို့မှာတာဝန်ကျပြီး ဒေသတည်ငြိမ်ရေးကို ညင်သာစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ စစ်တပ်က အာဏာသိမ်းအပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ စစ်ဦးစီးမှူးနဲ့ စစ်ဆင်ရေးမှူး တာဝန်များထမ်းဆောင်ခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပြီး၊ သမ္မတရဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုလည်း ဒီကနေ့ နေ့စွဲနဲ့ သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာ ထုတ်ပြန်ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org