UWSA နဲ့ တွေ့ဆုံမှု အနာဂတ်အတွက် အကျိုးရှိမယ်လို့ AA ပြော

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တွေ့ဆုံမှုဟာ လာမယ့်ကာလတွေအတွက် အများကြီး အကျိုးဖြစ်မယ့် တွေ့ဆုံမှုဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ ပြောပါတယ်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တွေ့ဆုံမှုဟာ လာမယ့်ကာလတွေ အတွက် အများကြီး အကျိုးဖြစ်မယ့် တွေ့ဆုံမှုဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲကနေ ပြောပါတယ်။

“ကျနော်တို့ ULA/AA အနေနဲ့ တစ်ရက်ထက်တစ်ရက် ကောင်းအောင်ကြိုးစားနေ ပါတယ်။ ဒီတွေ့ဆုံမှုဟာ လာမယ့် ကာလတွေအတွက် အများကြီးအကျိုးဖြစ်ထွန်းတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ဖြေကြားချင်ပါတယ်”

FPNCC အဖွဲ့ဝင်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ မိုင်းလား အထူးဒေသ -၄ (NDAA) တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က UWSA ရဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်သစ်တွေနဲ့ ပန်ဆန်းမြို့မှာ တွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံမှုအတွင်း မြန်မာနိုင်နဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးကိစ္စတွေ၊ FPNCC အဖွဲ့ဝင် တစ်ဖွဲ့ချင်းရဲ့ အခြေအနေတွေနဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ အရင်ကထက် ပိုပြီးခိုင်မာလာအောင် ပြောဆိုဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ တွေ့ဆုံမှုအသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။

ရခိုင် ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ UWSA အနေနဲ့ စစ်ရေး၊ နိုင်ငံရေး အကူအညီပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ရက္ခိုင့်တပ်တော် (AA) နဲ့ UWSA တို့ဟာ FPNCC အဖွဲ့ဝင်တွေလေ။ ပြီးတော့ ကိုယ်ပိုင် လက်နက်တွေထုတ်တဲ့ အင်အားကြီးတပ်ဖွဲ့ဖြစ်တယ်။ အရင်တုန်းကလည်း အကူညီပေး တာတွေရှိတယ်။ အခု မျိုးဆက်သစ်လူငယ် ခေါင်းဆောင်တွေနဲ့ သွားတွေ့တာပေါ့။ တွေ့ဆုံမှုက အခြေအနေကောင်းတယ် ဆိုတော့ စစ်ရေးအရရော၊ နိုင်ငံရေး အရရော အကူအညီတွေပေးလာနိုင်တာပေါ့”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ တကျော့ပြန်တိုက်ပွဲ တွေ ပြန်လည်ပြင်းထန်နေပြီး မောင်တော၊ ရသေ့တောင်၊ မြောက်ဦး စတဲ့မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အထိပါ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org