သမ္မတဦးသိန်းစိန်နဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်တွေ တွေ့ဆုံ

အနုပညာရှင်တွေအနေနဲ့ ခေတ်အဆက် ဆက် အာဏာပိုင်တွေအလိုကျ ဆောင် ရွက်ပေးခဲ့ကြပေမဲ့ အနုပညာရှင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်အာဏာပိုင် ကမှ ဖြေရှင်းပေးခဲ့တာ မရှိဘူးလို့ ရုပ်ရှင်၊ ဂီတနဲ့ သဘင်ပညာ ရှင်တွေက သမ္မတ ဦးသိန်းစိန်ကို တင်ပြခဲ့ကြောင်း ရုပ်ရှင်နဲ့ သဘင်ပညာရှင် ဦးသူရ (ခေါ်) ဇာဂနာက RFA ကိုပြော ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇူလိုင်လ ၁၂ ရက်နေ့ က သမ္မတ ဦးသိန်းစိန်နဲ့ ရုပ်ရှင်၊ ဂီတနဲ့ သဘင်ပညာ ရှင်တွေ တွေ့ဆုံအပြီး နေ့လည်စာဘူးဖေးစားရန် တန်းစီစဉ် Photo: Hla Tun Khine

အနုပညာရှင်တွေအနေနဲ့ ခေတ်အဆက်ဆက် အာဏာ ပိုင်တွေအလိုကျ ဆောင်ရွက်ပေးခဲ့ကြပေမဲ့ အနုပညာ ရှင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်အာဏာပိုင်က မှ ဖြေရှင်းပေးခဲ့တာမရှိဘူးလို့ ရုပ်ရှင်၊ ဂီတနဲ့ သဘင်ပညာရှင်တွေက သမ္မတဦးသိန်းစိန်ကို တင်ပြခဲ့ကြောင်း ရုပ်ရှင်နဲ့ သဘင်ပညာရှင် ဦးသူရ (ခေါ်) ဇာဂနာက RFA ကိုပြောပါတယ်။

ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သမ္မတဦးသိန်းစိန် ကို တွေ့ဆုံပြီး ရုပ်ရှင်ဂီတနဲ့ သဘင်ပညာရှင်တွေက မိမိ တို့ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို တင်ပြခဲ့ ကြပါတယ်။ အနုပညာရှင် ကိုဇာဂနာပြောတာက

"ကျနော်တို့ ရုပ်ရှင်၊ သဘင်၊ ဂီတက လူတွေက လည်း တကယ်ကို ဒုက္ခရောက်နေကြတာ အရမ်းကို များနေပြီ ဆိုတော့ ဒီအခက်အခဲကို ဖြေရှင်းနိုင် မယ့်လူကလည်း ဒီအခြေအနေမှာ သမ္မတပဲရှိတော့ တယ်၊  ဥပမာဆို ပါတော့ သဘင်ဆိုရင်ဗျာ နေစရာ အခုထက်ထိ ရုံးမရှိဘူးဗျာ၊ အစိုးရ အိုးအိမ်ကသိမ်း ထားတဲ့ တိုက်ခန်းလေးမှာပဲ သူတို့ ကျဉ်းကျဉ်းလေးထဲမှာ နေနေရရှာတယ်၊ သူတို့ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ် ပါ့မယ်၊ ဒါပေမဲ့ ဝယ်မယ်ဆို တာတောင် နေရာလေးပေးဖို့ ဇတ်ရုံလေးပေးဖို့ စသဖြင့် ဒီလိုအခက်အခဲတွေကို တစ်ချက်မှ မကူခဲ့ဘူးလေ၊ ပြီးခဲ့တဲ့နှစ် ၉ လပိုင်းကတည်းက ကြိမ်ဖန်များစွာ စာရေးပြီး သမ္မတကို ကျနော်တို့ ဆီကလူတွေက တောင်းခဲ့တာ အခုမှတွေ့ခွင့်ရတာပါ"

ကိုဇာဂနာက ရုပ်ရှင်ပညာရှင်တွေအနေနဲ့ ရုပ်ရှင်ရုံတွေလျော့နည်းရှားပါးလာတဲ့ ပြဿနာနဲ့ ဇာတ်သဘင်တွေ အတွက် ပြစရာဇာတ်ရုံ မရှိတော့တဲ့ ပြဿနာတွေကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ အငြိမ့်အဖွဲ့  ၂ ခုလောက်ဘဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂီတပညာရှင်တွေ ရင်ဆိုင်နေရတဲ့ ခိုးကူးခွေပြဿနာကိုလည်း တင်ပြခဲ့ကြောင်း သမ္မတဦးသိန်းစိန်က လက်ငင်းဖြေရှင်းလို့ရတာတွေကို ချက်ခြင်းဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။

ဒီကနေ့တွေ့ဆုံပွဲကို သမ္မတဦးသိန်းစိန်နဲ့အတူ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် တက်ရောက်သလို ရုပ်ရှင်၊ ဂီတနဲ့ သဘင်ပညာရှင် ၁၅၀ခန့် တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ သမ္မတနဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်လို့ ကိုဇာဂနာကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org