သူရဦးရွှေမန်း ထိုင်းဝန်ကြီးချုပ်နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာ တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်နှီးမြုပ်နှံမှု ဆိုင်ရာကိစ္စတွေအပြင် လတ်တလော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ နယ်စပ်ရေးရာကိစ္စတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာတို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်နှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စတွေအပြင် လတ်တလော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ နယ်စပ်ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်ထွန်းရေးမှာ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံတွေကို ယှဉ်တွဲလေ့လာနေတဲ့အကြောင်း သူရဦးရွှေမန်းက ထိုင်းဝန်ကြီးချုပ်ကို ပြောခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ဒေသ နယ်နိမိတ်မျဉ်း သတ်မှတ်ရေးနဲ့ နယ်စပ်ဂိတ်တွေ ပိုမိုဖွင့်လှစ်ရေးတိုကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ထားဝယ်အထူးစီးပွားရေဇုံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်ရေးကိုလည်း ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ထားဝယ်ဒေသမှာ အခြေခံစီးပွားရေး အဆောက်အအုံ ရင်နှီးမြုပ်နှံမှုတွေလုပ်ဆောင်ဖို့ လေ့လာနေတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောခပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ရွေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org