လက်ရှိအစိုးရ ပိုင်ဆိုင်မှုချပြရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပိုင်ဆိုင်မှု ပြမယ်လို့ပြော

အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ပိုင်ဆိုင်မှုကို ထုတ်ပြန်ကြေ ညာရင် ပါတီရဲ့ပိုင်ဆိုင်မှုကို ထုတ်ပြန်ကြေညာဖို့ ဝန်မလေး ဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် က ပြောပါတယ်။

နေပြည်တော် ဒက္ခိသီရိမြို့နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ မေလ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ကိုတွေ့စဉ် Photo: Win Ko Ko Latt/RFA

အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုကို ထုတ်ပြန်ကြေညာရင် ပါတီရဲ့ပိုင်ဆိုင်မှုကို ထုတ်ပြန်ကြေညာဖို့ ဝန်မလေးဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် က ပြောပါတယ်။

နေပြည်တော် ဒက္ခိသီရိမြို့နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ပါတီပိုင်ဆိုင်မှုတွေကို ချပြဖို့ ရှိ မရှိ မေးမြန်းတဲ့အပေါ် ဦးတင်အောင်ချစ် က ဖြေဆိုလိုက်တာဖြစ်ပါတယ်။

"ယနေ့တည်ရှိနေသော အသင်းအဖွဲ့များ၊ ပါတီများဟာ နောက်ဆုံးပေါ့ ယနေ့ ပြည်သူများ ယခင်တုန်းကလည်း ကျယ်ကျယ်လောင်လောင် အော်ခဲ့ကြတယ်၊ အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်ပိုင်မှုတွေရော ထုတ်ပြန်ကြေညာနိုင်ခဲ့တဲ့ အဆင့်ရှိပြီလား၊ အဲသလိုရှိခဲ့ပြီဆိုရင်တော့ ကျနော်တို့ဘက်ကလည်း ထုတ်ပြန်ပေးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး"

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအစိုးရဟောင်းတွေက ဒေသဖွံဖြိုးရေး ရန်ပုံငွေတွေ မအပ်နှံတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါတီနဲ့ မသက်ဆိုင်တာကြောင့် ပါတီကိုထိခိုက်အောင် ပြောဆိုသူတွေကို ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဟောင်းက ကျပ် ၇ ဘီလီယံကျော်နဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း က ကျပ် ၅ ဘီလီယံကျော် အစိုးရသစ်ကို အပ်နှံခြင်းမရှိသေးတာကြောင့် ပြန်လည်ရှင်းလင်းပေးဖို့ လက်ရှိ တိုင်းဒေသကြီး အစိုးတွေက ပြောကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org