အမေရိကန် ယာယီသံမှူး နဲ့ NLD ခေါင်းဆောင်တွေ တွေ့ဆုံ

ရန်ကုန် အမေရိကန်သံရုံး ယာယီ တာဝန်ခံသံမှူး နဲ့ ဒုတိယ သံရုံးတာဝန်ခံတို့ဟာ ရန်ကုန်မြို့ ဗဟန်း ရွှေဂုံတိုင်လမ်းက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ လာရောက် တွေ့ဆုံပါတယ်။

ဒုတိယ သံရုံးတာဝန်ခံနဲ့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို မိတ်ဆက်ပေးတဲ့ သဘောလို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ရန်ကုန် အမေရိကန် သံရုံး ယာယီ တာဝန်ခံ သံမှူး Larry M. Dinger အပါအဝင် ၃ ဦး လာရောက်ပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဗဟို အလုပ် အမှုဆောင် အဖွဲ့ ဒုတိယ ဥက္ကဌ ဦးတင်ဦး ခေါင်းဆောင်တဲ့ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့ အကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်နဲ့ ဦးဟံသာမြင့် စတဲ့သူတွေ တက်ရောက်ကြပါတယ်။

လက်ရှိ သံရုံး ယာယီတာဝန်ခံ သံမှူးက ဒုတိယ သံရုံး တာဝန်ခံနဲ့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို မိတ်ဆက်ပေးပြီး NLD က လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို မေးမြန်းတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org