ဘာသာရေးလွတ်လပ်ခွင့် အမေရိကန် စိုးရိမ်

မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် အတွက် စိုးရိမ်စရာကောင်းတဲ့အဆင့်မှာပဲ ဆက်ပြီးရှိနေသေးတယ်လို့ အမေရိကန် အစိုးရက မနေ့ကထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာကောင်းတဲ့အဆင့်မှာပဲ ဆက်ပြီးရှိနေသေးတယ်လို့ အမေရိကန်အစိုးရက မနေ့ကထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစတင်ပြီး ဘာသာရေးပဋိပက္ခတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်းမှာလည်း ဘာသာရေးအရ သည်းမခံတာ၊ ခွဲခြားဆက်ဆံတာ၊ တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ ဘာသာမတူသူတွေအပေါ် ဖိနှိပ်ကန့်သတ်တာတွေ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တချို့နေရာတွေမှာ ဗုဒ္ဓဘာသာခေါင်းဆောင်တွေက ဘာသာတွေကြား အမုန်းတရားတွေ ဟောပြော လှုံ့ဆော်နေတာတွေ တွေ့ရပြီး၊ အစိုးရကလည်း ထိထိရောက်ရောက် ကြားဝင်တားဆီးဖြေရှင်းပေးတာတွေ မတွေ့ရဘူးလို့လည်း ဖေါ်ပြပါတယ်။

ဒါ့ပြင် အစိုးရကိုယ်တိုင်က ဘာသာရေးအရ ခွဲခြားမှုရှိတဲ့ ဥပဒေတွေပြဌာန်းဖို့ ကြိုးစားလာနေတာကြောင့် မြန်မာနိုင်ငံ ဟာ ၂၀၁၅ ခုနှစ်မှာလည်း ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာကောင်းတဲ့အဆင့်မှာပဲ ဆက်ပြီးရှိနေသေး တယ်လို့ ဖေါ်ပြထားပါတယ်။

အမေရိကန်အစိုးရက မနေ့ကထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဦးသစ်ဆင်း က ကောက်နှုတ်တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org