ရခိုင်ပြည်နယ် ပြဿနာ လုံခြုံရေးကောင်စီမှာ အမေရိကန် တင်ပြ
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ဆူပူမငြိမ် မသက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းနေပုံနဲ့ ပတ် သက်ပြီး အနောက်နိုင်ငံတွေက တနေ့တခြား စိုးရိမ်ပူပန်နေ ကြတယ်လု့ိ နေပြည်တော်နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့လာတဲ့ Reuters သတင်းတွေ မှာ ဖေါ်ပြထားပါတယ်။
-
2016-11-23 -
-
-
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ဆူပူမငြိမ်မသက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းနေပုံနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက တနေ့တခြား စိုးရိမ်ပူပန်နေကြတယ် လု့ိ နေပြည်တော်နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့လာတဲ့ Reuters သတင်းတွေ မှာ ဖေါ်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာမွတ်စလင်ရာပေါင်းများစွာ ထွက်ပြေး ခိုလှုံလာကြတာဟာ မြန်မာအစိုးရရဲ့ အရည်အချင်းကို စမ်းသပ်မှုတခုဖြစ်တယ်လို့ အဲဒီသတင်းက ရေးသား လိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် Samantha Power စမင်သာ ပါဝါ က ရခိုင်ပြည်နယ်အရေးအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
နောက်တနေ့ဖြစ်တဲ့ နိုဝင်္ဘာလ ၁၈ ရက်နေ့ နေပြည်တော်မှာ သံတမန်တွေနဲ့ တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်း စုကြည်က သူတို့နိုင်ငံဟာ မမျှမတဆက်ဆံမှုနဲ့ ကြုံတွေ့နေရကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ စွပ်စွဲမှုတွေကို အစိုးရအနေနဲ့ အများကတောင်းဆိုတဲ့အတိုင်း စုံစမ်းစစ်ဆေးနေကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝန်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို အချက်အလက် တိကျခိုင်မာမှုမရှိဘဲ တဖက်သတ်ပြော ဆိုနေကြကြောင်း စိတ်ပျက်လက်ပျက်ပြောဆိုတယ်လို့ ဖေါ်ပြထားပါတယ်။