US သံရုံးနဲ့ MIDO အဖွဲ့ နည်းပညာဆွေးနွေးပွဲ ဖွင့်မည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ MIDO မြန်မာနိုင်ငံ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လာမယ့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့ တို့မှာ "နည်းပညာဖြင့် သာတူညီညာ စုစည်းရာ" ခေါင်းစဉ်နဲ့ Tech Camp ဆွေးနွေးပွဲကို ရန်ကုန်မြို့ MICT Park မှာ ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ နည်းပညာ ဖံ့ွဖြိုးတိုးတက်ရေးအဖွဲ့ MIDO အမှုဆောင် ကိုနေဘုန်းလတ်ကို တွေ့ရစဉ်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ MIDO မြန်မာနိုင်ငံ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့ ပူးပေါင်းပြီး  လာမယ့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တို့မှာ  "နည်းပညာဖြင့် သာတူညီညာ စုစည်းရာ" ခေါင်းစဉ်နဲ့ Tech Camp ဆွေးနွေးပွဲကို ရန်ကုန်မြို့ MICT Park မှာ ကျင်းပမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ အင်းစိန်လမ်းမှာရှိတဲ့ ဂေဟဟိတခန်းမမှာ MIDO နဲ့ အမေရိကန်သံရုံးတို့ ဒီကနေ့ ပူးပေါင်းကျင်းပ တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ နည်းပညာ ဖံ့ွဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင် ကိုနေဘုန်းလတ်က အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာ လူမှုအခြေပြု အဖွဲ့အစည်းတွေ အများကြီးပေါ်လာပါတယ်၊ နောက်ပြီးတော့ ဒီလူမှုအခြေပြု အဖွဲ့အစည်းဆိုတာကလည်း သူတို့ရဲ့အခန်းကဏ္ဍဟာလည်း ဒီမိုကရေစီမှာ အရေးကြီး တယ်၊ လူမှုအဖွဲ့အစည်းတွေ အားကောင်းမှသာလျှင် ဒီမိုကရေစီက ခိုင်မာမှာလေ၊ ဒါပေမယ့် ခက်တာက ကျနော်တို့ဆီမှာ လူမှုအဖွဲ့အစည်းတွေ ရှိပေမယ့်လည်း သိပ်အားမကောင်းဘူးဆိုတာ ကို တွေ့ရမှာပါ၊ နည်းပညာတွေကလည်း ဖွံ့ဖြိုးတိုးတက်မှုကလည်း အများကြီးရှိခဲ့တယ်၊ အဲဒီ နည်းပညာတွေကို တစ်ဘက်က လူမှုအခြေပြု အဖွဲ့အစည်းတွေက သုံးနိုင်လား သုံးတတ်လားဆိုတော့ အဲဒီအပိုင်းမှာ မသုံးတတ်တာတွေလည်း သွားတွေ့ရတယ်”

အဲ့ဒီ Tech Camp ဆွေးနွေးပွဲမှာ နည်းပညာ ကျွမ်းကျင်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့နဲ့ နည်းပညာဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်နိုင်ဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် ၁၅၀ နီးပါး ပါဝင်ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် စိုင်းထွန်းအောင်လွင်ရဲ့ သတင်းပေးပို့ ချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org