အစိုးရနဲ့ ကေအိုင်အိုတိုက်ပွဲတွေ ပြင်းထန် လာနေတာကို အမေရိကန်သံအမတ်ကြီး စိုးရိမ်
အစိုးရနဲ့ ကေအိုင်အိုအကြား တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အရင်းခံအကြောင်းဟာ တဖက်နဲ့တဖက်ယုံကြည်မှု အားနည်းနေတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ဇန်နဝါရီလ ၁၇ရက်နေ့ ဒီကနေ့ ပြောလိုက် ပါတယ်။
-
2013-01-17 -
-
-
မြန်မာ့တပ်မတော်နဲ့ ကေအိုင်အိုတပ်တွေ နှစ်ဖက်စလုံးတိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းကြဖို့ကိုလည်း သံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ရက်နေ့က ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေပါ သေဆုံးခဲ့ရတာကို မိမိတို့အမေရိကန် အစိုးရအနေနဲ့ အထူးစိုးရိမ်ပူပန်နေကြောင်းလည်း ပြောလိုက်ပါတယ်။
မိမိတို့အနေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုဖြစ်မယ့် ဘယ်လိုလုပ်ရပ်မှုမျိုးကိုမဆို ဆန့်ကျင်ကြောင်းလည်း သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ရက်နေ့က လိုင်ဇာမြို့မှာ လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး တစ်ချို့ဒဏ်ရာရခဲ့ပါတယ်။