မြန်မာအရေး အမေရိကန်နဲ့ကုလသမဂ္ဂကိုယ်စားလှယ် ဆွေးနွေး

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့ နိုင်ငံတကာက ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Wendy Sherman နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Christine Burgener တို့ ဝါရှင်တန်ဒီစီမှာ ဇွန်လ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Ned Price က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Wendy Sherman နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလဂအထူးကိုယ်စားလှယ် Christine Burgener တို့ ဝါရှင်တန်ဒီစီမှာ ဇွန်လ ၂၂ ရက်နေ့က တွေ့ဆုံခဲ့စဥ်။ Photo: Wendy Sherman/Twitter

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့ နိုင်ငံတကာက ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Wendy Sherman နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Burgener တို့ ဝါရှင်တန်ဒီစီမှာ ဇွန်လ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Ned Price က ပြောကြားလိုက်ပါတယ်။

အာဆီယံ- အရှေ့တောင်အာရှ နိုင်ငံများအသင်းက ထုတ်ပြန်တဲ့ အချက် ငါးချက်ပါ ဘုံသဘောတူညီချက်ကို လိုက်နာအောင် တွန်းအားပေးဖို့ အပါအဝင် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ရေးကို နိုင်ငံတကာက ကြိုးပမ်းဖို့ ဆွေးနွေးကြတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းက ကူသူကယ်သူမဲ့နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီရရှိရေးလည်း ဆွေးနွေးခဲ့ကြပြီး ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို လုံခြုံရေးနဲ့ အကူညီပေးရေးအတွက် ဒေသတွင်းနိုင်ငံတွေကို အားပေးဖို့ပါ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org