တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအရေး အမေရိကန်စိုးရိမ်
ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ တခြား နယ်မြေတွေက ဒုက္ခသည်တွေ အရေးအတွက် အထူး စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက မနေ့က ပြောလိုက်ပါတယ်။
-
2011-06-25 -
-
-
ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလှုံလာတဲ့ ကချင် တိုင်းရင်းသား ဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလှုံရေး စခန်းတွေမှာ ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။
KIO
အမေရိကန် အစိုးရ အနေနဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ ထွက်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တခြား လိုအပ်ချက်တွေကို ကူညီ စောင့်ရှောက်ပေးဖို့လည်း အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ တရုပ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံနေကြရပြီး တရုပ်အစိုးရ အနေနဲ့ ကြားဝင် စေ့စပ်ပေးဖို့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က တောင်းဆိုထားတယ်လို့ သိရပါတယ်။