ဖော့စ်ဖရပ်စ်ဗုံး အသုံးပြုခဲ့မှု အမေရိကန်အစိုးရ ဆန့်ကျင်

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲမှုမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက မီးစုန်းဓာတ်လို့ခေါ် တဲ့ ဖော့စ်ဖရပ်စ်ဓာတ်ပါတဲ့ဗုံးတွေ အသုံးပြုခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ဆန့်ကျင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စဗစ်တိုးရီးယားနူလန် photo: internet

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေဖြိုခွဲမှုမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးစုန်းဓာတ်လို့ခေါ်တဲ့ ဖော့စ်ဖရပ်စ်ဓာတ်ပါတဲ့ဗုံးတွေ အသုံးပြုခဲ့တဲ့အပေါ် အမေရိကန် အစိုးရအနေနဲ့ဆန့်ကျင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ပြု လုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ မစ္စ ဗစ်တိုးရီးယားနူလန်က မနေ့ကပြောလိုက်တာပါ။

မြန်မာအစိုးရအနေနဲ့ဆန္ဒပြပွဲတွေ လူစုခွဲတဲ့အခါမှာလဲ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံဖို့၊ ဖော့စ်ဖရပ်စ်ဓာတ် ဟာ လူကိုပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တဲ့အတွက် ဒီလိုလက်နက်သုံးပြီး ဖြေရှင်းတာထက် အခြားပိုမို သင့်တော်တဲ့ နည်းလမ်းတွေနဲ့ဖြေရှင်းဖို့ မြန်မာ အစိုးရကို တိုက်တွန်းတယ်လို့လည်း မစ္စ ဗစ်တိုးရီးယား နူလန်က ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနဲ ဆက်ဆံရေးမှာ တိုးတက်ပြောင်းလဲမှုတွေအပေါ်မူတည်ပြီး အဆင့်ချင်းမှာ တူညီတဲ့တုန့်ပြန်မှု ဆောင်ရွက်သွားမှာဖြစ်သလို၊ လွတ်လပ်စွာ စုဝေးစည်းရုံးခွင့်ကိစ္စတွေ၊ ရဲတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ချက်မျှတဖို့ကိစ္စတွေလို လူ့အခွင့်အရေးကိစ္စတွေမှာ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org