အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ပြုလုပ်

တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံ ဆောင်ရွက်တဲ့ အညတရ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်နဲ့ စေတနာကို မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာက အာရုံစိုက်လာဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ချီးမြှင့်တဲ့ အညတရ သူရဲကောင်းဆု ရရှိသူတွေကို တိုကျိုမြို့မှာ ဒီကနေ့ ဂုဏ်ပြုပွဲ ကျင်းပပါတယ်။

နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၃ ဦးကို အညတရ သူရဲကောင်းများအဖြစ် ၂ဝ၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပထမဆုံးအကြိမ် ရွေးချယ် ဂုဏ်ပြုခဲ့ပါသည်။ demowaiyan

ဒီနှစ်ဟာ ဒုတိယ အကြိမ်မြောက် ချီးမြှင့်တာဖြစ်ပြီး နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၄ ဦးကို ချီးမြှင့်ဂုဏ်ပြုတယ်လို့ ဆု ချီးမြှင့်ရေးကော်မီတီဝင် ဦးမင်းထက်ဇော်က ပြောပါတယ်။

လူ ၂ ရာ ဝန်းကျင် တက်ရောက်တဲ့ ဒီကနေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်တို့က ဗီဒီယိုက တဆင့် အမှာစကား ပြောကြားခဲ့သလို ဟာသပညာရှင် ကိုဇဂနာ ပေးပို့တဲ့ သဝဏ်လွှာကိုလည်း ဖတ်ကြားပြခဲ့ပါတယ်။

ဒီ အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊ Human Rights Now အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org