NLD နဲ့ တိုင်းရင်းသားပါတီတွေ၊ UNFC ခေါင်းဆောင်တွေ တွေ့ ဆုံမည်
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအကြား အပြန်အလှန်ကူညီနိုင်ဖို့ အတွက် လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ NLD နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ တွေ့ ဆုံကြမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။
-
2014-08-26 -
-
-
Your browser doesn’t support HTML5 audio
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအကြား အပြန်အလှန်ကူညီနိုင်ဖို့ အတွက် လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ NLD နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ တွေ့ဆုံကြမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြော ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NLD ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က အခုလိုပြောပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တိုင်းရင်းသား ဆက်ဆံရေးအဖွဲ့တွေရှိပါတယ်၊ အဲ့ဒါနဲ့ ဟိုဘက်က တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ တွေ့မှာပါ၊ အဓိက ကတော့ ရင်းရင်းနှီးနှီးဆက်ဆံဖို့၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့၊ ကျနော်တို့ ဒီမိုကရေစီအရေးမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ကူညီနိုင်ဖို့ပါ"
ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ တွေ့ဆုံမှာဖြစ်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က UNA ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လစဉ်တွေ့ဆုံနေတာဖြစ်ပြီး ဒီတစ်ခေါက်တွေ့ဆုံပွဲမှာ UNA အဖွဲ့ဝင်မဟုတ်တဲ့ တခြားတိုင်းရင်းသား နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံရေးအဖွဲ့အစည်း ၅ ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်တဲ့ ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ရက်ကြာ တွေ့ဆုံမှာဖြစ်ပါတယ်။
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နှစ်ပတ်လည်ညီလာခံကို မနေ့က သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။
လာမယ့် သြဂုတ်လ ၂၉ နဲ့ ၃၀ ရက်တွေမှာ UNFC အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးကော်မတီ၊ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က ကိုယ်စားလှယ်တွေ တွေ့ဆုံမှာဖြစ်ပါတယ်။
ချင်းမိုင်မြို့က ဆွေးနွေးပွဲကိုတက်ရောက်မယ့် ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးကော် မတီ ပြောရေးဆိုခွင့်ရှိသူ ကိုတိုးကျော်လှိုင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။