ပြည်နယ်ဝန်ကြီး လျာထားခံရသူကို ပြည်နယ်လွှတ်တော်မှာကန့်ကွက်

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပတဲ့ ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်ငိုင်းက တင်သွင်းခဲ့တဲ့ ဝန်ကြီး အမည်စာရင်းတွေ အထဲမှာ ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီက အမတ်တဦးကို ချင်းတိုင်းရင်းသား အတိုက်အခံအမတ်တွေက အပြင်းအထန်ကန့် ကွက်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map) (RFA Map)
ကန်ပက်လက်မြို့နယ်က အရွေးခံခဲ့ရတဲ့ ကြံ့ခိုင်ရေးပါတီအမတ် အသက် ၃၄ နှစ်အရွယ်ရှိ ပူးကွေထန်းဟာ အခြေခံဥပဒေက ဝန်ကြီးအဖြစ် သတ်မှတ်ထားတဲ့ အသက် ၃၅ နှစ် မပြည့်တဲ့အတွက် လွှတ်တော်အတွင်းမှာ တိုင်းရင်းသား အတိုက်အခံပါတီတွေက ကန့်ကွက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း ပြည်နယ်ဝန်ကြီးချုပ်က ကန့်ကွက်တဲ့အချိန် သိပ်မပေးတဲ့အတွက် အတိုက်အခံ တိုင်းရင်းသားပါတီတွေက အမတ် ၁၁ ဦး လက်မှတ်ထိုးပြီး သမတဆီကို စာတင်လိုက်တယ်လို့ ချင်းအမျိုးသားပါတီ (CNP) ရဲ့ ဥက္ကဋ္ဌ ပူးဇိုဇံ က RFA ကို ပြောပါတယ် ။

ချင်းပြည်နယ် လွှတ်တော်အတွင်းမှာ ဒီကနေ့ ပြည်နယ် ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းတဲ့ ပြည်နယ် ဝန်ကြီးစာရင်းတွေအထဲမှာ အတိုက်အခံ ချင်းအမျိုးသားပါတီ (CNP) နဲ့ ချင်းပြည်နယ် တိုးတက်ရေးပါတီ (CPP) ပါတီက အမတ်တဦးစီလည်း ပါဝင်တယ်လို့ သိရပါတယ် ။

ဒါပေမဲ့လည်း သူတို့ချင်းတိုင်းရင်သား အတိုက်အခံပါတီတွေကို ဝန်ကြီး တနေရာစီပေးတာကို သံသယရှိကြောင်း ချင်းအမျိုးသား ပါတီ CNP ရဲ့ ဥက္ကဋ္ဌ ပူးဇိုဇံက RFA ကိုပြောပါတယ် ။

ဒီကနေ့မှာ ကျင်းပတဲ့ ပြည်နယ်ဒေသ လွှတ်တော်တွေမှာ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် တချို့ ပြည်နယ်အစိုးရတွေမှာ ဝန်ကြီးအဖြစ် လျာထားခံရတာတွေ ရှိပါတယ်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ဝန်ကြီးလျာထားခံရတဲ့အကြောင်းတွေကို တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေကို ဆက်သွယ်ပြီး RFA မှ ဒေါ်ခင်ခင်အိက စုစည်း တင်ပြထားပါတယ်။

ပြည်နယ်လွှတ်တော်များ
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org