ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပုဒ်မ ၁၈ နဲ့ ဖမ်းဆီး
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အောက်ကန်စွန်းတောရွာမှာ ခွင့်ပြုချက်မရဘဲ ဟောပြောပွဲ ကျင်းပခဲ့တာကြောင့် ပန်းတနော်မြို့နယ် ရဲစခန်းက ပုဒ်မ၁၈ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
-
2013-12-12 -
-
-
မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အောက်ကန်စွန်းတောရွာမှာ ခွင့်ပြုချက်မရဘဲ ဟောပြောပွဲ ကျင်းပခဲ့တာကြောင့် ပန်းတနော်မြို့နယ် ရဲစခန်းက ပုဒ်မ၁၈ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
ဦးနေမျိုးဇင် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမား၊ ရေလုပ်သားသမဂ္ဂ ဥက္ကဌ ပန်းတနော်မြို့ဒေသခံ ဦးသိန်းဝင်းကပြောပါတယ်။
“အခု သာသနာရေးဝန်ကြီးဖြစ်သွားတဲ့ ဦးဆန်းဆင့် ဧရာဝတီတိုင်းကနေ ပြောင်းတာကို ပြည်သူလူထုတွေ ကနေပြီးတော့ ဦးဆန်းဆင့်အုပ်ချုပ်တာ သဘောကျတယ်ပေါ့ဗျာ၊ အဲဒါကြောင့်မို့ မပြောင်းဖို့ ပြည်သူတွေက ဝိုင်းပြီးတော့ တောင်းဆိုကြတာ၊ တောင်းဆိုကြတဲ့အထဲမှာ ဦးနေမျိုးဇင်က ဟောပြောတယ်ဆိုပြီးတော့ ပုဒ်မ ၁၈ နဲ့ အဲဒီကိစ္စကို ဒီနေ့မှဖမ်းပြီးတော့ အချုပ်ထဲထည့်လိုက်တာ”
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၃ရက်နေ့က ပန်းတနော်မြို့နယ် ရဲစခန်းက အဲဒီအမှုနဲ့ပတ်သက်ပြီး ကိုယ်တိုင်ခံဝန်ချက် လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီနေ့ ပန်းတနော်မြို့နယ် တရားရုံးချိန်းအပြီး ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။