လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ခရီးစဉ် မနက်ဖြန် စတင်မည်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခြေအနေလေ့လာဖို့ မနက်ဖြန် စနေနေ့မှာခရီးစဉ်စတင်မယ်လို့ သိရပါတယ်။
-
2018-04-27 -
-
-
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: AFP
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခြေအနေလေ့လာဖို့ မနက်ဖြန် စနေနေ့မှာခရီးစဉ်စတင်မယ်လို့ သိရပါတယ်။
အဲဒီကိုယ်စားလှယ်အဖွဲ့ကို ကူဝိတ်၊ ဗြိတိန်နဲ့ ပီရူးသံအမတ်ကြီးတို့ ဦးဆောင်မှာဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကော့ဆက်ဘဇားကဒုက္ခသည်စခန်းကို အရင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ်ကို ရဟတ်ယာဉ်နဲ့သွားမယ်လို့ သိရပါတယ်။
ခရီးစဉ်အစအဆုံး ၄ ရက်ကြာမှာဖြစ်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားပါတယ်။
ဒီခရီးဟာ မြန်မာကို ချီးမွန်းတာ၊ ရှုတ်ချတာမျိုးလုပ်မှာ မဟုတ်ဘဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီပြဿနာကို ဘယ်လောက်အလေးထားပြီး၊ ဘယ်လိုကူညီဖြေရှင်းမလဲဆိုတာ ရှင်းလင်းတိကျတဲ့ သတင်းစကားပေးဖို့ဖြစ်တယ်လို့ ကူဝိတ်သံအမတ်ကြီး Mansour al-Otaibi ကပြောပါတယ်။