စစ်ကောင်စီကိုလက်နက်ရောင်းချမှု အလုံးစုံ တားဆီးပိတ်ပင်ဖို့ ကုလကို ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာစစ်တပ်ရဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်စေဖို့ စစ်ကောင်စီကို လက်နက်ရောင်းချမှုအားလုံး တားဆီးပိတ်ပင်ဖို့ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

၂ဝ၂၄ ခုနှစ် ဧပြီလ ၂ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်အစည်းအဝေး တက်ရောက်လာသော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ Permanent Mission of Myanmar to the United Nations

မြန်မာစစ်တပ်ရဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်စေဖို့ စစ်ကောင်စီကို လက်နက်ရောင်းချမှုအားလုံး တားဆီးပိတ်ပင်ဖို့ ကုလသမဂ္ဂမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ ဧပြီလ ၂ ရက်နေ့ အစည်းအဝေးမှာ တောင်းဆိုခဲ့တာပါ။

မြန်မာစစ်တပ်ဟာ အချို့သောနိုင်ငံတွေက တင်သွင်းတဲ့ တိုက်လေယာဉ်၊ လက်နက်ခဲယမ်း၊ အမြောက်၊ လက်နက်ကြီးတွေနဲ့ ဆက်စပ်နည်းပညာတွေကို အသုံးပြုပြီး အပြစ်မဲ့ အရပ်သား ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်းနဲ့ ပြည်သူတွေဟာ ဆိုးရွားလွန်းတဲ့ ဒုက္ခဆင်းရဲတွေကို ခံစားနေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။

ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ ၂၀၂၄ ခုနှစ်အစည်းအဝေးကို ဧပြီလ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org