ရခိုင်အရေး ကုလ လုံခြုံရေးကောင်စီမှာ ဒီနေ့ ဆွေးနွေးမည်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီနေ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
-
2017-09-26 -
-
-
ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကို ပို့ဆောင်စဉ်
Photo: BenarNews
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီနေ့ ဆွေးနွေးကြမှာ ဖြစ် ပါတယ်။
မြန်မာ့အရေးဆွေးနွေးဖို့ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ အီဂျစ်၊ ကာဇက်ကစ္စတန်၊ ဆီနီဂေါနဲ့ ဆွီဒင်နိုင်ငံတို့က တောင်းဆိုခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တီနီယို ဂုတားရက်စ်က အမှာစကားပြောကြားမယ်လို့ သိရပါတယ်။
ဒီအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ လူကိုယ်တိုင်တွေ့ဆုံဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်အရေးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကတိကဝတ် စကားတွေ ပြောဆို ခဲ့ပေမယ့် ဒုက္ခသည်တွေ အများအပြား ထွက်ပြေးသွားခဲ့ကြတာကြောင့် စကားလုံးတွေအဖြစ်သာ ကျန်ရစ်ခဲ့ရတယ် လို့ ဝေဖန်ကြကြောင်းလည်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။