ပြည်တွင်းစစ်နယ်မြေက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ကုလကူညီမည်

မြန်မာနိုင်ငံက စစ်ဖြစ်ရာဒေသတွေမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတဲ့ အန္တရာယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတာတွေ အတော် များများ ကြုံနေရတယ်လို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA က မနေ့က ပြောလိုက်ပါတယ်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို တွေ့ရစဉ် Photo: Kan Thar/RFA

မြန်မာနိုင်ငံက စစ်ဖြစ်ရာဒေသတွေမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတဲ့ အန္တရာယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတာတွေ အတော်များများ ကြုံနေရတယ်လို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA က မနေ့က ပြောလိုက်ပါတယ်။

အခုလိုဖြစ်ရပ်တွေဟာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အများဆုံးဖြစ်နေတယ်လို့ဆိုပါတယ်။ အဲဒီပြည်နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရသူတွေ၊ ယာယီစခန်းတွေမှာနေရသူ တွေ ၆ သိန်းခွဲလောက်ရှိနေပြီး အရှေ့တော်အာရှမှာ အများဆုံးဖြစ်နေတယ်လို့ပြောပါတယ်။

ဒီလိုထွက်ပြေးနေရတဲ့ အခြေအနေကြောင့် အမျိုးသမီးကြီး/ငယ်တွေဟာ လိင်ပိုင်းဆိုင်ရာအရ မလုံခြုံတာ၊ အလိုမတူပဲ ကိုယ်ဝန်ဆောင်နေရတာ၊ လက်သည် ဒါမဟုတ် သူနာပြုမရှိဘဲ ဖြစ်သလို မီးဖွားနေရတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ UNFPA အဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒီလိုအခက်အခဲရှိတဲ့ အမျိုးသမီးတွေအတွက် UNFPA အဖွဲ့က ၃ နှစ်စာရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်းကူညီဖို့ အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။ ဒီရန်ပုံငွေကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံ တို့ကကူညီတာဖြစ်ပြီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကျန်းကျန်းမာမာမီးဖွားနိုင်ဖို့ ဒီငွေနဲ့ လိုအပ်တဲ့ ဆေးကရိယာနဲ့ ဆေးဝါးတွေ ယာယီဆေးခန်းတွေ ထူထောင်မှာဖြစ်တယ်လို့ဆိုပါတယ်။

စစ်ပွဲဒေသကအမျိုးသမီးတွေ မီးဖွားရတဲ့အခါ ဝါးနဲ့အချင်းဖြတ်တာမျိုးတွေ ထိရှိနေတဲ့အတွက်  အချင်းဖြတ်ဖို့ တခါသုံးဘရိတ်ဓါးအသစ်တွေ သုံးနိုင်အောင်ကြိုးစားပေးဖို့လည်းလိုတယ်လို့ UNFPA အရာရှိကပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာ မီးနေသယ်သေဆုံးနှုန်းဟာ ၁ သိန်းမှာ အယောက် ၁၄၀ နှုန်း ရှိနေချိန် မှာ၊ မြန်မာနိုင်ငံမှာတော့ အယောက် ၂၀၀ နှုန်းရှိနေတယ်လို့ဆိုပါတယ်။ ဖင်လန်နဲ့ဆွီဒင်မှာတော့ ၁ သိန်းမှာ ၄ ယောက်နှုန်းလောက်ပဲ သေဆုံးရတယ်လို့ UNFPA ရဲ့ကြေညာချက်မှာ ပါရှိပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့ KWAT ရဲ့ ဒုဥက္ကဌ မဆန်းဇင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org