မြန်မာပြည်သူ ခြောက်သန်းကျော် ငတ်မွတ်မှုဘေးကြုံနိုင်ကြောင်း ကုလခန့်မှန်း

မြန်မာနိုင်ငံမှာ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေတာနဲ့ ကိုဗစ်တတိယလှိုင်းရဲ့ဒဏ်ကို ခံနေရတာရယ်တွေကြောင့် အစားအစာ မလုံလောက်တဲ့ပြဿနာကို သန်းနဲ့ချီတဲ့ ပြည်သူတွေရင်ဆိုင်နေရပြီး သူတို့ကိုကူညီနိုင်ဖို့ လာမယ့် ခြောက်လအတွက် ရန်ပုံငွေမလောက်မငဖြစ်နိုင်တယ်လို့ WFP ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဒီကနေ့ပဲ သတိပေးလိုက်တဲ့အကြောင်း Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။

ဖားကန့်မြို့မှာ ၂၀၂၁ ဧပြီ ၁ ရက်နေ့က လိုသူယူ ပိုသူလှူ ခေါင်းစဥ်နဲ့ အခြေခံအစားအစာများကို လှူဒါန်းခဲ့စဥ်

မြန်မာနိုင်ငံမှာ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေတာနဲ့ ကိုဗစ်တတိယလှိုင်းရဲ့ဒဏ်ကို ခံနေရတာရယ်တွေကြောင့် အစားအစာ မလုံလောက်တဲ့ပြဿနာကို သန်းနဲ့ချီတဲ့ပြည်သူတွေရင်ဆိုင်နေရပြီး သူတို့ကိုကူညီနိုင်ဖို့ လာမယ့် ခြောက်လအတွက် ရန်ပုံငွေမလောက်မငဖြစ်နိုင်တယ်လို့ WFP ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဒီကနေ့ပဲ သတိပေးလိုက်တဲ့အကြောင်း Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံက အစားအစာလိုအပ်ချက်ကို ကူညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၈၆ သန်းလိုအပ်နေတယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာပြတ်လပ်မှု၊ အစာရေစာငတ်မွတ်မှုတွေက ပိုများသထက် များလာပြီး အခက်အခဲကလည်း ပိုကြီး မားလာနေတာကို မြင်နေရတယ်လို့ WFP အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Stephen Anderson က ပြောပါတယ်။

လာမယ့် ခြောက်လအတွင်း မြန်မာနိုင်ငံက လူ ၆.၃သန်းလောက် အစားအစာမလုံလောက်မှုတွေ ကြုံရနိုင် တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်းထားတာပါ။ စစ်တပ်အာဏာမသိမ်းခင်ကတော့ မြန်မာပြည်သူ ၂.၈ သန်းလောက် အစားအစာမလုံလောက်တာတွေကြုံမယ်လို့ WFP က ခန့်မှန်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကြုံလာရတဲ့ အစားအစာလိုအပ်မှုပြဿနာကို ကိုယ်ထူကိုယ်ထဖြေရှင်းတဲ့အနေနဲ့ ပြည်သူတွေအချင်းချင်း ဝေငှတာ၊ ဈေးသက်သက်သာသာနဲ့ ရောင်းချတာတွေ လုပ်လာနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org