မြန်မာ့ကိုဗစ်ကူးစက်မှု တိုက်ဖျက်ရေး ကုလအကူအညီ လိုအပ်

မြန်မာနိုင်ငံရဲ့ ကိုရိုနာ ကိုဗစ် ကူးစက်မှုတိုက်ဖျက်ရေးမှာ ကုလသမဂ္ဂ ရဲ့ လူသားချင်းစာနာကူညီရေး ကြားဝင်ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဇူလိုင်လ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဇူလိုင်လ အစောပိုင်းက ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုး ဖြည့်နိုင်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။ Photo: AFP

မြန်မာနိုင်ငံရဲ့ ကိုရိုနာ ကိုဗစ် ကူးစက်မှုတိုက်ဖျက်ရေးမှာ ကုလသမဂ္ဂ ရဲ့ လူသားချင်းစာနာကူညီရေး ကြားဝင်ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဇူလိုင်လ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အခြေအနေကို အမြန် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူတွေ အများအပြား လိုအပ်နေကြောင်း၊ မြန်မာစစ်ကောင်စီအနေနဲ့ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အပြင်၊ ထိန်းချုပ်လိုတဲ့ ဆန္ဒလည်း မရှိကြောင်း၊ အခြေအနေကို ပိုမိုဆိုးရွားအောင်သာ ရည်ရွယ်နေကြောင်း ပြောပါတယ်။

ဒါ့ပြင် အခုလက်ရှိအခြေအနေဟာ ကမ္ဘာက မသိကျိုးကျွံနေနိုင်တဲ့ အခြေအနေမျိုူမဟုတ်ဘဲ၊ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေထဲ ဝင်ရောက်ဖို့ ကြိုးပမ်းကြသူတွေကိုလည်း တားဆီးဖို့ ခက်ခဲနေကြောင်း၊ ဒီအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ အကူအညီတွေ လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ယန်ဟီးလီကလည်း မြန်မာစစ်ကောင်စီဟာ အကူအညီပေးတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အတွက်၊ မြန်မာနိုင်ငံရဲ့ ကိုဗစ် ကူးစက်မှုတိုက်ဖျက်ရေးမှာ လက်တွေ့အကူအညီတွေ လိုအပ်နေကြောင်း၊ အကူအညီတွေကို နိုင်ငံတကာ နဲ့ မြန်မာ ကျန်းမာရေးပညာရှင်တွေကသာ ပုန်းလျှိုးကွယ်လျှိုးနဲ့ နိုင်ငံကို ကာကွယ်နေကြကြောင်း၊ အခုအခါ မြန်မာစစ်ကောင်စီအပေါ် ဘယ်သူကမှ အယုံအကြည် မရှိကြကြောင်း ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org