အဓမ္မပြုကျင့်ခံရသူတွေကို ကူညီဖို့ ကုလနဲ့ ဘင်္ဂလားဒေ့ရှ် စာချုပ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးခဲ့ရတဲ့ မွတ်စလင် ဒုက္ခသည်တွေအနက် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုခံစားခဲ့ရတဲ့ အမျိုးသမီးတွေကို ကူညီရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂ အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တစ်ခုကို သောကြာနေ့က လက်မှတ် ထိုးလိုက်ပါတယ်။

Kutupalong ဒုက္ခသည်စခန်းကို တွေ့ရစဉ် Photo: REUTERS

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးခဲ့ရတဲ့ မွတ်စလင် ဒုက္ခသည်တွေအနက် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု ခံစားခဲ့ရတဲ့ အမျိုးသမီးတွေကို ကူညီရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တစ်ခုကို သောကြာနေ့က လက်မှတ်ထိုးလိုက်ပါတယ်။

ဒါ့အပြင် အခု သဘောတူညီချက်မှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တရားဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ရေးအတွက် အချက်အလက်တွေ စုဆောင်းခြင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီ သဘောတူညီချက်အရ အဓမ္မပြုကျင့်မှု ခံခဲ့ရတဲ့ အမျိုးသမီးတွေကို ဆေးဝါးကုသပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထောက်ကူပေးခြင်း၊ သူတို့ဘဝမြှင့်တင်ရေးအတွက် လိုအပ်ချက်တွေ ဆောင်ရွက်ပေးခြင်း၊ လူကုန်ကူးမှုမှ အကာကွယ်ပေးခြင်း အပါအဝင် တရားဥပဒေဘောင်အတွင်း လုံခြုံစွာနေထိုင်ခွင့်ရရှိအောင် စီစဉ်ပေးခြင်း၊ မုဒိမ်းကျင့် ခံရမှုကြောင့် ကိုယ်ဝန်ရရှိပြီး မွေးဖွားခဲ့သူရှိရင် ကူညီစောင့်ရှောက်ပေးခြင်းအပါအဝင် အဲဒီ အမျိုးသမီးတွေအနေနဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်းမှာ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်အောင် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံ အာဏာပိုင်တွေနဲ့ တိုင်ပင်စီစဉ်ပေးခြင်း စတာတွေ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org