မြန်မာပြည်အတွက် အထူးကိုယ်စားလှယ်သစ် ကုလ ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဂျာမဏီနိုင်ငံဆိုင်ရာ ဆွစ်စလန်သံအမတ်ကြီး Christine Schraner Burgener ခရစ်တင်း ရှယားနား ဘာဂီးနာကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို တွေ့ရစဉ် AFP Photo

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဂျာမဏီနိုင်ငံဆိုင်ရာ ဆွစ်စလန်သံအမတ်ကြီး Christine Schraner Burgener ခရစ်တင်း ရှယားနား ဘာဂီးနာကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

သံအမတ်ကြီး ဘာဂီးနားဟာ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်နဲ့လည်း ၂၀၀၉ ကနေ ၂၀၁၅ အထိ တာဝန်ယူ ခဲ့ဖူးသူဖြစ်ပါတယ်။

သံအမတ်ကြီးဘာဂီးနား တာဝန်ထမ်းဆောင်ရမယ့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလက်ထက်က သံအမတ်ကြီး Vijay Nambiar ဗီဂျေ နမ်ဘီယားကို ၂၀၁၆ ခုနှစ်အထိ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org