မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ကုလ ခန့်အပ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် လက်ရှိ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ခရစ်တင်း ရှယာနာ ဘာဂနာ (Christine Schraner Burgener) ကို ခန့်အပ်ပါလိမ့်မယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို တွေ့ရစဉ် AFP Photo

နယူးယောက်ကလာတဲ့ နောက်ဆုံးသတင်းတပုဒ်အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် လက်ရှိ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ခရစ်တင်း ရှယာနာ ဘာဂနာ (Christine Schraner Burgener) ကို ခန့်အပ်ပါလိမ့်မယ်။

အခုလို တာဝန်ပေးမယ့်သတင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ တရားဝင်ကြေညာမယ်လို့ ဆိုပါတယ်။ သူမဟာ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org