ခိုတောင်းကျွန်းအမှု ကူညီပေးဖို့ ဦးခင်အောင်မြင့် ထိုင်းကို ရောက်ရှိ

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အကူအညီပေးဖို့အတွက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဒီကနေ့ညနေမှာ ထိုင်းနိုင်ငံ ကို ရောက်ရှိမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း (ခေါ်) လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံ သား ၂ ဦးကို သတ်မှုနဲ့ ထိုင်းရဲကဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦး ကို တွေ့ရစဉ် Photo: BangKok Post

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အကူအညီပေးဖို့အတွက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဒီကနေ့ညနေမှာ ထိုင်းနိုင်ငံကို ရောက်ရှိမယ်လို့ သိရပါတယ်။

အဖမ်းဆီးခံနေရတဲ့ မြန်မာလူငယ်နှစ်ဦး အမှုနဲ့ ပတ်သက်ပြီး မြန်မာအထူးကိုယ်စားလှယ်အဖွဲ့က ဘန်ကောက်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီးနဲ့ ဒီနေ့ ဆွေးနွေးခဲ့ကြကြောင်း၊ ဒီလူငယ်နှစ်ဦး အာမခံရဖို့အတွက် သံရုံးကငွေကြေးစိုက်ထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း၊ အခုညနေမှာ ရောက်ရှိလာမဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် နဲ့လည်း တွေ့ဆုံကြဖို့ စီစဉ်ထားကြောင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ဒီမြန်မာလူငယ်နှစ်ဦးကို အာမခံတစ်ဦးဘတ်ငွေ ငါးသိန်းစီ ပေးဆောင်ရမှာ ဖြစ်ပြီး  အာမခံရပြီးနောက် သူတို့နှစ်ဦးကို သံရုံးရဲ့ထိန်းသိမ်းမှုအောက်မှာပဲ ထားရှိသွားမယ်လို့ ဆိုပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဖမ်းဆီးခံ လူငယ်နှစ်ဦးကို လာမယ့်သီတင်းပါတ်မှာ ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org