UEHRD စီမံကိန်းမှာ အရပ်ဖက်အဖွဲ့တွေကို ပါဝင်ဖို့ တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း အစိုးရရဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပေးကြဖို့ UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက် တာအောင်ထွန်းသက်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် ကို ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်း အစိုးရရဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊  ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပေး ကြဖို့ UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ပြောခဲ့တာဖြစ်ပါတယ်။

"လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ အရေးပေါ်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ဆရာတို့ CSO တွေအနေနဲ့ အရေးပေါ်ကိုလည်း ကူပေးပါ၊ အရေးကြီးတဲ့ဟာတွေကိုလည်း ဆောင်ရွက်ပေးပါလို့ ကျနော် ဒီနေရာကနေ ပန်ကြားချင်ပါတယ်။ UEHRD ရဲ့တာဝန်ဟာ ဒါပါပဲ။ ကျနော်တို့ ပုဂ္ဂလိက ကဏ္ဍကို စွမ်းဆောင်ထားတယ်။ အစိုးရရဲ့ ဦးဆောင်မှုကို ခံယူတယ်။ ဒါပေမဲ့ CSO ရဲ့ အကူအညီလိုပါတယ်။ ကျနော်တို့ အနေနဲ့ ကူညီနိုင်တဲ့ဘက် ကနေ ကူညီပေးပါမယ်လို့ ပြောချင်ပါတယ်"

အစိုးရရဲ့ UEHRD စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် Central Coordination Team(CCT)နဲ့ Regional Coordination Team(RCT) ဖွဲ့စည်းရာမှာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေပါဝင်နိုင်ရေး အတွက် ဒီနေ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တက်ရောက်လာတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်လိုကြပေမယ့် ဘယ်လိုပူးပေါင်းပါဝင်ရမယ် ဆိုတာကို အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ချပြပြောဆိုဖို့ ပြန်လည်တင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် မောင်တောဒေသအရေးကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လက်ရှိဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ပြောခဲ့ကြပါတယ်။

ဒေါက်တာအောင်ထွန်းသက် ကတော့ UEHRD လုပ်ငန်းတွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း ပါဝင်နိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆက်လက်ဆွေးနွေးကြဖို့ ပြောခဲ့ပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တာဝန်ရှိသူ ၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org