CDF ကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးစီးအရာရှိနှစ်ဦး အဖမ်းခံရ

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) ကို ထောက်ခံကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့နှစ်ဦးကို လာဖမ်းသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများ ထုတ်ပြန်သည့်ဓာတ်ပုံ။ Photo - CJ

ချင်းပြည်နယ် ဟားခါးမြို့နယ်က ပြည်နယ်ပညာရေးမှူး ဦးစီးအရာရှိ ဒေါ်ဝုန်းဟွဲနဲ့ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမော်တို့ကို စစ်ကောင်စီက မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF)ကို ထောက်ခံကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့နှစ်ဦးကို လာဖမ်းသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မနေ့က ပုံမှန်ရုံးတက်နေချိန်အတွင်း ရုံးထဲကနေ စစ်ကောင်စီတပ်သားတွေက ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာတွေမှာတော့ ဒေါ်ဝုန်းဟွဲနဲ့ ဒေါ်အေးအေးမော်တို့ နှစ်ဦးစလုံး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဓာတ်ပုံတွေ ဖော်ပြထားပါတယ်။

ချင်းရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မတရားဖမ်းဆီးခံထားရတဲ့သူ အယောက် ၈ဝဝ နီးပါးရှိပြီး၊ သတ်ဖြတ်ခံရသူ ၂ဝ၂ ဦးရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF တို့ကြား တိုက်ပွဲတွေ ဆက်ရှိနေပြီး၊ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၃၁၃ ရွာက ဒေသခံတစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြ ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org