စစ်ကောင်စီက နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်

နှစ်သောင်းကျပ်တန် ငွေစက္ကူသစ်ကို ဇူလိုင် ၃၁ ရက်ကစပြီး ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ဇူလိုင် ၂၃ ရက် မနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူသစ်ပုံစံအား စစ်ကောင်စီပိုင်ရုပ်သံတွင် ထုတ်ပြန်ထားစဉ်။ MWD

နှစ်သောင်းကျပ်တန် ငွေစက္ကူသစ်ကို ဇူလိုင်လ ၃၁ ရက်ကစပြီး ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ဇူလိုင်လ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းမှာ ကြေညာ ခဲ့ပါတယ်။

ငွေစက္ကူသစ်ဟာ အလျား ၁၅ စင်တီမီတာ၊ အနံ ခုနစ်စင်တီမီတာရှိပြီး အစိမ်းနုရောင် ဖြစ်ပါ တယ်။ ရှေ့ဘက်မျက်နှာမှာ ဆင်ဖြူတော်ပုံ၊ နောက်ဘက်မျက်နှာမှာတော့ စစ်ကိုင်းတံတား နဲ့ ဧရာဝတီတံတားပုံကို ရိုက်နှိပ်ထားတယ်လို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း တရားဝင်ဆက်လက်သုံးစွဲခွင့်ပြုပြီး အသစ် ထုတ်ဝေမယ့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို အကန့်အသတ်နဲ့ ထုတ်ဝေမှာဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းပြည်နဲ့ ကမ္ဘာကြီးအေးချမ်းသာယာစေဖို့ရည်ရွယ်ပြီး တည်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org