ထူးခြားတဲ့ အာဇာနည်နေ့ အဖြစ် ဦးတင်ဦးပြောကြား

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဆန္ဒဖြစ်တဲ့ တန်းတူညီမျှတဲ့ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကြိုးပမ်း နေတဲ့အတွက် ၂၁ ရာစုပင်လုံ ညီလာခံရဲ့ အသီးအပွင့်တွေကို မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်တယ် လို့ NLD နာယက သူရဦးတင်ဦး က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် NLD နာယက သူရဦးတင်ဦး မိန့်ခွန်းပြောကြားနေစဉ် Photo: Aung Thain Kha/ RFA

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဆန္ဒဖြစ်တဲ့ တန်းတူညီမျှတဲ့ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကြိုးပမ်း နေတဲ့အတွက် ၂၁ ရာစုပင်လုံ ညီလာခံရဲ့ အသီးအပွင့်တွေကို မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ NLD နာယက သူရဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ပြုလုပ်တဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ NLD နာယက သူရဦးတင်ဦးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

" ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့နောက်ထပ်ဆန္ဒကတော့ တိုင်းရင်း သားမျိုးနွယ်စုအားလုံးသွေးစည်းညီညွတ်မှုနဲ့ လွတ်လပ်ပြီးတန်းတူညီမျှမှုရှိတဲ့ ငြိမ်းချမ်းတဲ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးပဲဖြစ်ပါတယ်"

ဒီနှစ် အာဇာနည်နေ့ အခမ်းအနားဟာ ထူးခြားနေပြီး နိုင်ငံတော် အကြီးအကဲတွေ၊ တပ်မတော် အကြီးအကဲတွေ နဲ့ ပြည်သူတစ်ရပ်လုံးက ဂါရဝပြုခဲ့တာကြောင့် ဒီမိုကရေစီ ပြန်လည် ရှင်သန်ခဲ့ပြီး လွတ်လပ်ပွင့်လင်းစွာ ဂုဏ်ပြု လာနိုင်ကြပြီ ဖြစ်တယ်လို့ သူရဦးတင်ဦးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားကို NLD နာယက သူရဦးတင်ဦး၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စား လှယ်တွေနဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org