တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ဆောင်းပါး ဆရာတော် ဦးဝီရသူ လက်မခံ
ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ်တိုက်သစ် ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ပြယုဒ်အဖြစ် ဇူလိုင် လဆန်းထုတ် မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြလိုက် ပါတယ်။
-
2013-06-21 -
-
-
Your browser doesn’t support HTML5 audio
ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ပြယုဒ်အဖြစ် ဇူလိုင် လဆန်းထုတ် မဂ္ဂဇင်းမျက်နှာဖုံး မှာ ဖော်ပြလိုက်ပါတယ်။
ဒီဖော်ပြချက်တာဟာ မိမိကို ချိုးနှိမ်ရေးသားလိုက် တာဖြစ်ကြောင်း အရှင်ဝီရသူက RFA ကို မိန့်ကြားပါတယ်။
"ခြင်္သေ့ကို မြေခွေးနဲ့ အနှိုင်းခံရသလို၊ ဘုရားလောင်းကို ဒေဝဒတ်လောင်းနဲ့ အနှိုင်းခံရသလို ခံစားရတာပေါ့၊ ဦးဇင်းတို့ဟာ ကလောင်ကိုင်တဲ့လက်တွေ၊ သူတပါးအကြမ်းဖက်တာကို မပြောနဲ့၊ ကိုယ်ကိုတိုင်က အကြမ်းဖက်ခံရတဲ့လူတောင်မှ၊ အကြမ်းဖက်ပြီး တုန့်ပြန်တာကို မလိုလားတဲ့လူလေ၊ သူလာပြီးတော့မေးတုန်းက ဒီစကားတွေမပါဘူး၊ ဦးဇင်းဖြေတဲ့အထဲမှာလည်း ဒီစကားတွေမပါဘူး၊ ဒါပေမယ့် သူ့ဘာသာသူ ရေးချင်တာ ရေးချသွားတာကိုး၊ အဲဒါကြောင့်မို့ ဒီမီဒီယာတွေကို မွတ်စလင်တွေက ချုပ်ကိုင်ထားတယ်ဆိုတာ ဒီတိုင်းမ်မဂ္ဂဇင်းမှာ ထင်ရှားသွားတာပေါ့နော်"
အမေရိကန်ပြည်ထောင်စုမှာ မနေ့ကထုတ်ဝေတဲ့ Time မဂ္ဂဇင်းမှာ ဆရာတော် ဦးဝီရသူကို မွတ်စလင် ဆန့်ကျင်ရေးလှုပ်ရှားသူ ဗုဒ္ဓဘာသာ အကြမ်းဖက်ဝါဒီ အဖြစ် ဖော်ပြထားပါတယ်။
သူ့အနေနဲ့ အကြမ်းဖက်ဝါဒကို ဘယ်တော့မှ လက်မခံသလို အစွန်းရောက် ဝါဒကိုလည်း ဆန့်ကျင်တဲ့အကြောင်း ဆရာတော်က မိန့်ပါတယ်။
ဆရာတော် ဦးဝီရသူ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်လျှောက်ထား မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။